💢10💢

741 80 3
                                    

Zawgyi -

-------/

💢 ကျွန်တော် အကြွေးရှင် 💢

eP - 10 ✔

----------------

3 လ ၊ 3 လ တောင်ရှိတော့မယ် ။ ထိုလူကြီးသတင်း ဘာအစအနမှ ရှာမရပေ။

ကားတိုက်မူဖြစ်စဉ်အတွင်းမှာ ဝမ်သခင် ပျောက်ဆုံးသွားခဲ့သည်။

တစ်ရက်သာသာ သာ အတူရှိဖူးတယ့် ထိုအရှက်မရှိသည့် သူကြီးအား မဆီမဆိုင် စိတ်ပူနေမိသည် ။

ဝမ်အိမ်တော်ကနေ သူ ခိုးထွက်သွား၍ ရပါသော်လည်း သူ သူ့ကိုတားထားသည့် သက်တော်စောင့် တွေကိုသာ ဘာမှမလုပ်နိုင် ဟန်ဆောင်၍ ထိုလူကြီးဘာဖြစ်သွားတယ် ဆိုတာ ရှင်းရှင်းလင်းလင်း သိနိုင်လို့ငြား မျှော်လင့်မိသည်။

အဆင်ပြေမှာပါ လေ.... ။

.............

တီ_____

" ဟယ်လို ဘယ်သူလဲ? "

ရှောင်ကျန့် တစ်ဖတ်မှ ကျန်းချန် အသံကြောင့်

" ဟျောင့် ကျန်းချန် ငါပါ ရှောင်ကျန့် "

ဆိုကာ ပြောလိုက်သည် ။

ထိုအခါမှ ကျန်းချန် ၏ ဝမ်းသာအားရအသံဖြင့်

" ရှောင်ကျန့် မင်းလားး ။ကိစ္စ တွေရော အဆင်ပြေလား? ။ မင်း အဆင်ပြေပါတယ်နော် ။ ငါက အတော်ကြာမှ ဆက်မယ်ထင်နေတာ "

ပြောလေသည်။

" အဆင်ပြေပါတယ် ။ ဒါတွေထားပါ ။ မင်းတို့အဆင်ပြေရဲ့လား? ။ ကျဲရော "

" ပြေတယ် ။ ပြေတယ် ။ ကျဲက အခု ဆေးရုံမှာ "

" ဟ! ကျဲက ဆေးရုံ မှာဆိုရင် မင်းကဘယ်မှာလဲ! ? ။ ကျဲအနားမှာ နေပါဆိုကွာ... လဒ !! "

" ချီးပဲ ။ ငါကိုလာစွပ်စွဲမနေနဲ့! ။ ငါ က အခုဆေးရုံ အိမ်သာထဲမှာ ကွ! "

ကျန်းချန် ဒေါသထွက်ကာ အော်ပြောလိုက်သည်။

ကျန်းချန် သူကို မဟုတ်သုတ်ခလာပြောနေတယ့် ရှောင်ကျန့် ကြောင့် ဝမ်းသာနေတယ့်စိတ်ကလေးတောင် ကြက်ပျောက်ငှက်ပျောက်!

" မင်း ဒီကို ဘယ်တော့လိုက်လာမှာလဲ? "

ကျန်းချန် မေးလိုက်တော့ ခပ်တိုးတိုးရယ်သံ ဖုန်းထဲမှ ထွက်လာသည် ။

                  🖤Where stories live. Discover now