Part 1

169 14 0
                                    

Unicode

တောင်ကိုရီးယားနိုင်ငံ၏မြို့တော် ဆိုးလ်မြို့ရဲ့
မနက်ခင်းမှာတော့ စက်ရုံအလုပ်ရုံကုမ္ပဏီ သွား
ဖို့ပြင်ဆင်နေကြတဲ့ အလုပ်သမားများ ရုံးဝန်ထမ်းများ စာသင်ကျောင်းနှင့်တက္ကသိုလ်သွားဖို့
ပြင်ဆင်နေကြတဲ့ ကျောင်းသားကျောင်းသူများဖြင့်
စည်ကားလျက်ရှိနေတယ်

ဆိုလ်းမြို့၏အ​တော်အတန်သင့်ကွန်ဒိုတစ်ခုရှိ
အိပ်ခန်းတစ်ခန်းတွင်

"ဒီနေ့ကငါပထမဆုံးရုံးစတတ်မယ့်နေ့ပဲသပ်သပ်ရပ်
ရပ်လေး ဝတ်စားသွားမှ"
"မင်းဒီနေ့မှန်ကြည့်တာပြီးဦးမှာလား"
"ဆယ်ဟွန်း အတော်ပဲ ငါဘယ်လိုနေလဲ"
"ကြည့်ကောင်းတယ် (ချောလိုက်တာ) "
"ကြည့်ကောင်းယုံပဲလား "
"ချန်းယောလ် မင်းအဝတ်အစားရွေးနေတာနဲ့မင်းရဲ့
ပထမဆုံးရုံးတတ်ရက်မှာနောက်ကျနေမယ်"

"ဟုတ်သားပဲ နောက်ကျလို့မဖြစ်ဘူး"
"မနက်စာစား သွားဦးလေမင်းအတွက်ငါပေါင်မုန့်
မီးကင်နဲ့ကော်ဖီဖျော်ပေးထားတယ်"
"တကယ်ကိုငါ့အတွက် ဆယ်ဟွန်း ကအကောင်းဆုံးပဲ "
"အပိုတွေမပြောဘဲ အလုပ်ကိုသေချာလုပ်ခဲ့နော် နေ့လယ်စာလည်းစားဖြစ်အောင်စား ညနေအိမ်ပြန်
နောက်မကျစေနဲ့ ပြီးတော့ ချန်းယောလ် မင်း"

"သိပြီ သိပြီလို့ ငါဘတ်စ်ကားစီးပြီးသွားရမှာမမီ
ဘဲနေမှာဆိုးလို့သွားပြီနော်"
"ပြေးမသွားနဲ့လမ်းမှာချော်လဲဦးမယ်"
"အင်းညနေကျမှတွေ့မယ် ဆယ်ဟွန်း"
"ချန်းယောလ် ဂရုစိုက်သွား"
"ငါ့ကိုအားပေးစကားပြောပေးဦးလေ"
"အာ အားတင်းထား မင်းလုပ်နိုင်တယ်"

ဒါကတော့မနက်ခင်းတိုင်းကြားရမယ့်ကောင်လေးနှစ်
ယောက်ရဲ့စကားသံတွေပါ
ပတ်ချန်းယောလ် ကရှပ်ပြာပြာနိုင်ပြီး အရာရာကို
တလွှဲတချော်လုပ်လေ့ရှိတဲ့ကောင်လေး
အိုဆယ်ဟွန်း ကတော့စေ့စပ်သေချာပြီးဘာလုပ်လုပ်
သေသေသပ်သပ်လုပ်တတ်တဲ့ကောင်လေးပေါ့
ထိုကဲ့သို့စရိုက်မတူတဲ့ကောင်လေးနှစ်ယောက်က
တစ်အိမ်ထဲမှာပဲအတူနေလာတာ ငါးနှစ်လောက်
ရှိခဲ့ပြီ။

ချန်းယောလ် ကမိဘမဲ့တစ်ယောက် ဆယ်ဟွန်း က
အဒေါ် အပျိုကြီးနှစ်ယောက်နဲ့အတူနေတယ်
သူတို့နှစ်ယောက်စတွေ့တာက အလယ်တန်းပထမ
နှစ်တုန်းက အစကအတူတူမနေပေမယ့် ချန်းယောလ် တက္ကသိုလ်စတတ်တော့အဆောင်မှာ
နေမို့မတတ်နိုင်တာကြောင့် ဆယ်ဟွန်း ကတိုက်ခန်း
တစ်ခုငှားပြီးနှစ်ယောက်အတူနေဖြစ်ကြတာ
အဒေါ်အပျိုကြီးတွေကလည်း ချန်းယောလ် ကို
တူအရင်းလိုချစ်တာကြောင့် အလွယ်တကူခွင့်ပြုပေး
ခဲ့တယ်။

3 In 1Where stories live. Discover now