Part 2

79 11 0
                                    

Unicode

နေ့လယ်၁၂နာရီထိုးတော့ သူနေ့လယ်စာ စားမစား
လှမ်းပြီးမေးတဲ့ ဆယ်ဟွန်း ကြောင့် ချန်းယောလ်
ပြုံးလိုက်မိသည်
သူ့အပေါ်မှာ အကောင်းဆုံးသူငယ်ချင်းလည်းဖြစ်သ
လို မိသားစုဝင်တစ်ယောက်ဆိုလည်းမမှား
သူ့လိုမိဘမဲ့ကိုလူတွေကအထင်သေးတဲ့အကြည့်တွေ
လှောင်ပြောင်မှုတွေလုပ်ရင် ဆယ်ဟွန်း ကသူ့ဘက်
ကနေမားမားမတ်မတ်ရပ်ပြီး ကာကွယ်ပေးနေကြ
သူ့ကိုအမြဲပျော်အောင်ထားတဲ့သူငယ်ချင်းလေးက
တခြားသူတွေနဲ့ဆိုရင် အေးတိအေးစက်နဲ့ စကားကို
လေလုံးကွဲအောင်ပြောတာမဟုတ်ဘူး

တင်📩

🐣 -ညနေကျရင်စားဖို့ဘာမုန့်ဝယ်ခဲ့ရမလဲ

🐯 -ချောကလက်ကိတ်နဲ့အာလူး​ကြော်ဝယ်ခဲ့ပေး

🐣 -ညနေစာကချက်စားမှာလား??

🐯 -အင်းငါထမင်းသုပ် သုပ်ကျွေးမယ်ကျန်တာ
မင်းစားချင်တာရှိရင်ဝယ်ခဲ့လေ

🐣-မရှိဘူးအလုပ်ကိုကြိုးစားလုပ်နော် ဒါပဲ အိမ်ရောက်မှတွေ့မယ်

🐯 -ပြီးတာပဲ ညနေမှတွေ့မယ်

ဆယ်ဟွန်း နဲ့စာအပြန်အလှန်ပို့နေတုန်း သူ့ရှေ့မှာ
သူ့ကိုစိုက်ကြည်နေတဲ့ CEO ကြောင့် ချန်းယောလ် တော်တော်လန့်သွားတယ်
"ငါနေ့လယ်စာစားဖို့လုပ်ငန်းရှင်တစ်ယောက်နဲ့ချိန်း
ထားတယ်ပြန်လာရင် ဒီတစ်ပတ်စာရင်းတွေကို
စုထားပေး"
"ဟုတ်ကဲ့ Boss"
"အလုပ်ချိန်မှာ ဖုန်းသုံးတာဂရုစိုက်ပေး"
"အာ!နားလည်ပါပြီ "
ခိုင်းစရာရှိတာခိုင်းပြီးထွက်သွားတဲ့ ရိဖန် ကြောင့်
ချန်းယောလ် သက်ပြင်းချလိုက်မိတယ်

ရိဖန် လည်းမသိဘူးသူကတခြားသူဘာလုပ်လုပ်စိတ်
မဝင်စားပေမယ့်အသစ်ရောက်လာတဲ့အတွင်းရေးမှူးကဘယ်သူနဲ့ဘာတွေပြောနေမှန်းမသိပေမယ့်ပြုံးရွှင်နေတာကိုသူ့ကြည့်မရ "ငါအခုရက်ပိုင်းအလုပ်တွေ
ပင်ပန်းလို့ နေမှာပါ "ထိုကဲ့သို့ပြောပြီး သူချိန်းထားတဲ့နေရာဆီကိုသွားလိုက်တယ်

Lucky Hotel ရှိ VIP Room တစ်ခု
တွင်မျက်နှာချင်းဆိုင်ထိုင်နေကြတဲ့ ရိဖန် နဲ့ ဘတ်ဟျွန်း

3 In 1Where stories live. Discover now