Part 4

80 11 5
                                    

Unicode

နောက်ထပ်ဆက်လုပ်မယ့်အစီအစဥ်တွေကိုသေချာ
တိုင်ပင်ပြီး သူတို့သုံးယောက် ကော်ဖီ ဆိုင်ကနေ
လမ်းခွဲခဲ့ကြတယ်

ဆယ်ဟွန်း တိုက်ခန်း ကိုပြန်ရောက်တော့ မဲမှောင်
နေပြီး ချန်းယောလ် ကပြန်မရောက်သေးတဲ့ပုံ
သူဖုန်းခေါ်တော့လည်း မကိုင်
"ချန်းယောလ် မင်းဘယ်တွေကိုလျှောက်သွားနေတာ
လဲကိုယ်အရမ်းစိတ်ပူနေပြီ"
အိမ်မှာထိုင်စောင့်နေရင်မဖြစ်တာမို့အနီးနားပတ်ဝန်း
ကျင်ကိုလိုက်ရှာကြည့်တယ်

​လောလောလတ်လတ်ဖုန်းနံပါတ်လဲ ပြီးဆိုရှယ်မီဒီယာ
အကောင့်မှန်သမျှအပြန်အလှန် Follow လုပ်ထား
တဲ့ ရိဖန် နဲ့ ဘတ်ဟျွန်း ဆီကိုလည်း မက်ဆေ့ချ် ပို့
လိုက်ပြီး ကူရှာပေးဖို့အကူအညီတောင်းလိုက်တယ်
ထိုနှစ်ယောက်က လည်းအပြေးရောက်လာလေရဲ့
သုံးယောက်သာတိုက်ခန်းရှေ့မှာရပ်ပြီးဘာဆက်
လုပ်သင့်လဲဆိုတာကိုတိုင်ပင်နေကြတယ်

"ဆယ်ဟွန်း သူသွားတတ်တဲ့နေရာတွေကိုသိလား"
"ချန်းယောလ် ကအပြင်လျှောက်လည်ရတာကိုမ
ကြိုက်ဘူး ရိဖန် "
"ငါတို့ရဲစခန်းကိုတိုင်ကြမလား "
"24 နာရီမပြည့်သေးဘူးလေ ဘတ်ဟျွန်း "
"ငါမှားတာပါ ငါမှားတာ ငါ ချန်းယောလ် ကိုမအော်
လိုက်သင့်ဘူး သူကအော်ရင် တအားဝမ်းနည်းတတ်
တာကို သိရဲ့နဲ့ "
စိတ်ပျက်လက်ပျက် ကြမ်းပြင်ပေါ် ထိုက်ကျလိုက်တဲ့
ဆယ်ဟွန်း
"ရိဖန် မင်းဖုန်းဆက်ကြည့်ပါလား"
"ဆက်ပြီးပြီ ဖုန်းမကိုင်ဘူးစက်ပိတ်ထားတယ်"
"တစ်ခုခုဖြစ်နေတာတော့မဟုတ်လောက်ပါဘူးနော်"
"အဲ့လိုမဖြစ်ဖို့ကိုမျှော်လင့်တာပဲ ဘတ်ဟျွန်း "

တစ်ဖက်တွင်လည်း ချန်းယောလ် တစ်ယောက်
တစ်ဦးတည်းသော မိန်းကလေး သူငယ်ချင်း ဖြစ်တဲ့
နာရာ ရဲ့​အိမ်ကိုရောက်နေတယ်
သူ့မှာ အပေါင်းအသင်း လည်းမရှိ သွားလေ့သွားထရှိ
တဲ့နေရာကလည်းမရှိဆိုတော့ ဒီသူငယ်ချင်း ဆီကိုသာ
သွားပြီး အပူကပ်ရဦးမယ်

"ကဲ ချန်းယောလ် ရယ် နင်ငါ့ဆီလာပြီးဒီလိုငူငူကြီး
ဘယ်အချိန်ထိထိုင်နေမှာလဲ "
ရုံးပိတ်ရက်လေးမို့ အေးဆေးနားရမှလား အောင်မေ့
ပါတယ် ရုတ်တရက်ကြီး အိမ်ကိုရောက်လာတဲ့
ချန်းယောလ် ကဘာစကားမှမပြောဘဲထိုင်နေတာ
နှစ်နာရီလောက်ရှိနေပြီ
"ဆယ်ဟွန်း ကိုဖုန်းဆက် ပြီးလာခေါ်ခိုင်းလိုက်မယ်"
"မဆက်နဲ့ "
"ဘာလို့လဲ နင်တို့ ရန်ဖြစ်ထားကြတာလား"
"နာရာ ဆယ်ဟွန်း ကလေငါ့ကိုအော်တယ် သိလား"
"ဟုတ်လို့လား "
သူမသိတာပေါ့ ဆယ်ဟွန်း က ချန်းယောလ် ကိုဆို
ဘယ်လောက်ထိ အလိုလိုက်ပြီးဂရုစိုက်လဲဆိုတာ
"ငါက မဟုတ်ဘဲနဲ့ပြောပါ့မလား ဘာလဲ နင်ကပါ
ငါ့ကို စိတ်ပျက်နေပြီမလား ငါသိပါတယ်ငါ့ကို
ဘယ်သူမှ တကယ်မခင်ကြဘူး "

3 In 1Where stories live. Discover now