Part 7

61 10 1
                                    

Unicode

* အ့ * "စပ်တယ်"
"တောင်းပန်ပါတယ် အရမ်းနာသွားလား"
"မနာပါဘူး "
စခန်းကကိစ္စတွေကိုအကုန်ဖြေရှင်းပြီး
အိမ်ကိုပြန်ရောက်လာ တော့ ဆယ်ဟွန်း က
ချန်းယောလ် ရဲ့ဒဏ်ရာ တွေကိုဆေးထည့်ပေးတယ်
"ငါမေးပါဦးမယ် မင်း Club ကိုသွားရတဲ့အ
ကြောင်းက"
"ဟို အဲ့တာကလေ ရိဖန်... အဲ့တာက"
"မင်းမရောက်ဘူးလို့သွားတာဆိုပြီး လိမ်မယ်မစဥ်း
စားနဲ့ ချန်းယောလ် မင်းကဆိုဂျူနဲ့ဘီယာလောက်ပဲ
သောက်နိုင်တဲ့သူ အကလည်းဝါသနာမပါဘူး"
ဆယ်ဟွန်း ကခပ်တည်တည်နဲ့ဝင်ပြောတယ်
^^ငါအမှန်အတိုင်းပြောလိုက်သင့်လား မဖြစ်ဘူး
ဘယ်လိုလုပ်ရမလဲ မင်းတို့ငါ့အပေါ် အရမ်းကောင်း
မပြကြပါနဲ့ တစ်နေ့မင်းတို့ငါ့ကိုစိတ်ကုန်ပြီးထားသွား
ချိန်ကြရင် ငါခံနိုင်ရည်မရှိဘဲနေလိမ့်မယ်^^

"တော်ပြီ ချန်းယောလ် လည်းပင်ပန်းနေရောပေါ့
မေးခွန်းတွေမေးမနေနဲ့တော့ သူ့ကိုအနားယူခိုင်းလိုက်"
နေရခက်နေတဲ့ ချန်းယောလ် ကြောင့် ဘတ်ဟျွန်း က
အခြေအနေကို ဝင်ထိန်းတယ်
"ဒါဆို အားလုံး ပဲ ကောင်းသောညပါ"
ချန်းယောလ် ဟာ ထိုသို့ပြောပြီး သူ့ရဲ့အခန်းထဲကို
ဝင်သွားတယ်
"မင်းတို့လည်း ပင်ပန်းနေရောပေါ့ ပြန်ကြတော့လေ"
"အင်း ဆယ်ဟွန်း မင်း ချန်းယောလ် ကိုဂရုစိုက်လိုက်
ပါဦးသူမဖြေချင်ရင်မေးခွန်းတွေကိုထပ်မမေးနဲ့တော့"
"ငါသိပါတယ် ဘတ်ဟျွန်း နဲ့ ရိဖန် ရယ် မင်းတို့သာ
အိမ်ကိုသေချာပြန်ကြ"
ည 8 နာရီမှာအလျင်စလိုရဲစခန်းကိုသွားလိုက်ရပြီး
9နာရီခွဲမှပဲ ဘတ်ဟျွန်း နဲ့ ရိဖန် ကအိမ်ကိုပြန်ရ
တော့တယ်

အချိန်အားဖြင့် လေးရက်ခန့်ကြာပြီးနောက်

ချန်းယောလ် ကို ကျန်တဲ့ သုံးယောက်လုံး က
အရိပ်တကြည့်ကြည့်နဲ့ကို ကြည့်နေတယ်
ဆယ်ဟွန်း ဘတ်ဟျွန်း ရိဖန် တို့သုံးယောက် သတိ
ထားမိတာ တစ်ခုက ချန်းယောလ် ကသူတို့မသိ
အောင် တစ်ခုခုကို လျှို့ဝှက်ထားတာကိုပင်
ချန်းယောလ် ကအနေအေးတဲ့သူဆိုတော့
ရင်းနှီးတဲ့သူကသူတို့အပြင် နာရာ ပဲရှိတယ်
အဲ့တော့ သူတို့မသိတာကို နာရာ သိနိုင်တယ်ဆိုပြီး
သုံးယောက်သား တိုင်ပင်ကာ နာရာ ကိုသီးသန့်သွား
တွေ့ဖို့ဆုံးဖြတ်လိုက်တယ်

3 In 1Where stories live. Discover now