Part 3

78 12 2
                                    

Unicode

"ချန်းယောလ် ထည့်စားနော် "
အရောင်အသွေးစုံလင်ပြီး အနံ့အရသာပြည့်စုံတဲ့
ဟင်းပွဲတွေက စားပွဲဝိုင်းအပြည့်
ဘာကိုစ စားလို့စားရမှန်းမသိတဲ့ ချန်းယောလ်ကို
ထည့်စားဖို့ ပြောလာတဲ့ ဘတ်ဟျွန်း
"မင်း ကြက်သား သုတ်ကြိုက်တယ်မလား"
အပြောထပ်ပိုသွက်တဲ့ ဆယ်ဟွန်း က ချန်းယောလ် ရဲ့
ပန်းကန်ထဲကို ဟင်းခပ်ထည့်ပေးတယ်
ကျန်တဲ့နှစ်ယောက်ကချက်ချင်း မျက်မှောင်ကျုံမိတယ်

"ကျွန်တော် နဲ့တွေ့ချင်ရတဲ့အကြောင်းအရင်း"
"ဒီလိုပါ ဆယ်ဟွန်း ကျွန်တော်တို့နှစ်ယောက် ရဲ့
Company တွေပေါင်းပြီးပြပွဲလေးတစ်ခုလောက်
လုပ်ချင်လို့ပါ"
"ရိဖန် ပြောသလို ကျွန်တော်တို့ ဆယ်ဟွန်း ပိုင်တဲ့
ခြံကြီးထဲမှာ ပွဲကျင်းပချင်လို့ပါ"
"ဆိုတော့ ကျွန်တော့်ခြံကိုငှားချင်တာပေါ့"
သူ့အားခေါင်းငြိမ့်ပြသူနှစ်ဦးက စီးပွားရေး လောကမှာ
နံပါတ် သုံးနေရာမှာရပ်တည်နေသူတွေ
ဥစ္စာပေါရုပ်ချောပြီး ကောင်းသတင်းမွှေးသူတွေ
ဝူရိဖန် နဲ့ ဗြောင်ဘတ်ဟျွန်း သူတို့ကိုကြည့်ရတာ
ချန်းယောလ် ကိုစိတ်ဝင်စားနေပုံပဲ

"ချန်းယောလ် မင်းဘယ်လိုသဘောရလဲ"
"ဟမ်...ဘာကိုပြောတာလဲ"
"သူတို့ကခြံငှားချင်တယ်တဲ့ အဲ့တာငါငှားသင့်လား"
"ဟ..မင်းဆုံးဖြတ်ရမှာလေဘာလို့ငါ့ကိုမေးနေတာလဲဆယ်ဟွန်း"
"မင်းပြော မင်းကငှားဆိုရင်ငါငှားပေးမယ်"
"မင်းအတွက်ရော သူတို့နှစ်ယောက် အတွက်ပါ အကျိုးရှိမှာဆိုတော့ မင်းလက်လွတ်မခံသင့်ဘူး"
"ကောင်းပြီ ရိဖန် နဲ့ ဘတ်ဟျွန်း ကျွန်တော် ခြံကိုငှားဖို့
သဘောတူတယ် "
"ကျေးဇူးတင်ပါတယ် ဆယ်ဟွန်း "
"ဒါဆိုရှေ့လျှောက်အတူပူးပေါင်းလုပ်ကြတာပေါ့"

ညစာ စားသောက်ပြီး အချိုတည်းတဲ့အနေနဲ့
အသီးအနှံတစ်ချို့နဲ့ အချိုရည် သောက်ပြီးနောက်
ချန်းယောလ် ရဲ့ဗိုက်ကအရမ်းကိုတင်းနေပြီ
"ဒါဆို ခွင့်ပြုပါဦး Boss"
"အင်း ကောင်းကောင်းပြန် ချန်းယောလ် "
"ညနက်နေပြီ ကိုယ်လိုက်ပို့ပေးမယ်"
"ရတယ် ဘတ်ဟျွန်း ကျွန်တော်ခေါ်သွားမယ်"
"ခေါ်သွားမယ် နှစ်ယောက်ကလမ်းကြုံလို့လား"
"မဟုတ်ဘူး ကျွန်တော်တို့နှစ်ယောက် ကတစ်အိမ်
တည်းမှာအတူတူနေတာလေ"
ထိုစကားကြားတော့ မှိုင်ကျသွားသူနှစ်ဦး
"ကောင်းသောညပါ "
"ချန်းယောလ် မနက်ဖြန် ရုံးပိတ်တော့ဘာအစီအစဥ်
ရှိလဲ"

3 In 1Where stories live. Discover now