After Breaking up 0.1

258 25 14
                                    

After Breaking up

ထိုကောင်လေးက မတ်လဆန်းပိုင်းမှာတွေ့ရတဲ့ နေရောင်တွေနဲ့တူတယ်။
သို့ပေမဲ့လည်း တစ်ချိန်တည်းမှာပဲ ဒီဇင်ဘာညတွေရဲ့ အငွေ့အသက်တွေဖုံးလွှမ်းနေပြန်တယ်။

အရှိန်ပြင်းပြင်းနဲ့တိုက်စားတဲ့ ဒီရေတွေလို သူကလည်း အတောမသတ်နိုင်အောင်အထိ အလှိုက်စားခံရသလို၊
သူသောက်နေကျ ဘလက်ကာဖီလို အညိုရင့်ရင့်မျက်ဝန်းတွေကလည်း သူ့နှလုံးသားကို ထပ်ချည်းတလဲလဲ တိုက်ခိုက်ဖူးသည်။

မိုင်တိုင်တွေကျော်လွန်တဲ့ ရပ်ဝေးခရီးတွေကိုသွားရတာသဘောမကျတဲ့သူက ထိုကောင်လေးအတွက်နဲ့ နေရာအနှံ့အပြားကို ခြေဆန့်နိုင်သလောက်ဆန့်ခဲ့သလို
ခက်ခဲတဲ့နေ့ရက်တွေမှာလည်း ထိုကောင်လေးရဲ့ အပြုံးကိုပဲမြင်ယောင်ရင်းအားယူခဲ့ဖူးတယ်။

"အစ်ကို"လို့ ခေါ်တွင်သံကစပြီး "ဟီဆွန်း"လို့ ဂျစ်ကန်ကန်မြည်တွန်သံအဆုံး ထိုကောင်လေးရဲ့ အသံက သူနားထောင်နေကျ  ဂန္တဝင်တေးသွားတွေလိုပါပဲ။
ဘုရားကျောင်းမှာ တွန်မြည်ခဲ့တဲ့ နာရီသံစဉ်တွေထက်၊
အကြိမ်ကြိမ်တိုးတိုက်တတ်တဲ့ လေအေးအေးတွန်းတိုက်သံတွေထက် သိပ်ကိုမှ လှပတဲ့ အသံချိုချိုအေးအေးလေးကို အလိုရှိတိုင်း ထိုကောင်လေးရဲ့ ရင်ခွင်ထဲကို ကြောင်တစ်ကောင်လို တိုးဝှေ့မိတော့တာပဲ။

ထိုအခါကျရင် ပူရှိန်းနံ့သင်းပျံ့နေတဲ့ ကောင်လေးရဲ့ရင်ခွင်က သိပ်ကိုနွေးထွေးပြီးသူ့ကို အိပ်ပျော်စေလုမတတ်ဖြစ်ပြန်ရော။

အတွေးတွေကြောင့် နှုတ်ခမ်းဖျားဟာ ကော့တက်လုမတတ်ပြုံးမိခါနီးလေတော့ ညှိုးနွမ်းနေသည့်စိတ်ဟာလည်း နေရောင်ကြောင့် ပြန်နိုးလာသည့် ထိကရုန်းတွေအတိုင်းပင်။

လက်ဖြင့်ထိကစားနေမိသော ကာဖီခွက်နှုတ်ခမ်းဝကို သူ ဆိတ်သုဉ်စွာဖြင့် စိုက်ကြည့်နေမိသည်။

အညိုရင့်ရင့် ကာဖီရောင်ရဲ့ မျက်နှာပြင်ပေါ်က မြင်နေရတဲ့ သူ့ပုံစံက အလွန်ကိုမှသနားစရာဖြစ်နေ၏။
တစ်ခါတစ်ရံများဆို ဒါဟာ သူ၂၅နှစ်လုံးသိခဲ့တဲ့ ဟီဆွန်းမှ ဟုတ်ရဲ့လားဟုပင် ပြန်တွေးနေရသည်။

Insomnia Mika's ThoughtsWhere stories live. Discover now