After Breaking up 0.4

151 21 24
                                    

After Breaking up 0.4

ချစ်ခြင်းမေတ္တာက အနည်ထိုင်နေတဲ့ ရေနောက်လိုမျိုးပင်။
တစ်စတစ်စပိုတိုးဝင်လို့ ချစ်မိလာလေ အတ္တနဲ့မာနဟာလည်း တစ်ပြိုင်တည်း ပါလာတတ်တော့ပဲ။
သို့သော် ဟီဆွန်းကတော့ ထိုကဲ့သို့မဟုတ်ခဲ့ပါချေ။

ဂျယ်ယွန်းကို သူပိုချစ်မိခဲ့လေ ပိုတိုးလို့ပင် အတ္တတို့ကိုလျော့ကျမိလေဖြစ်ခဲ့၏။
စချစ်သူက ဂျယ်ယွန်းဖြစ်ချင်ဖြစ်လိမ့်မည်။
သို့မဟုတ်သူကပဲ စတင်ချစ်မြတ်နိုးခဲ့တာဖြစ်နိုင်သည်။
တူညီတဲ့ ချစ်ခြင်းမေတ္တာတစ်ခုကို‌ပုံဖော်ချိန်မှာတော့ သူဟာ ဂျယ်ယွန်းထက်မတိုးရင်တောင် မလျော့သောချစ်ခြင်းမျိုးနှင့် ရှိနေခဲ့ခြင်းပင်။

" အစ်ကို မနက်ဖြန် အားလားဟင်.. "

ဟီဆွန်း စာလုပ်နေတုန်း ဟီဆွန်း၏ ပေါင်ပေါ်မှာ ခေါင်းအုံးလျက်ရှိနေသော ဂျယ်ယွန်းက ခပ်တိုးတိုးမေး၏။

"အင်း..အားပါတယ်..ညနေကျမှ အလုပ်သွားရမှာ ဘာလို့လဲ ဂျယ်ယွန်း "

ဟီဆွန်းမှာ စာအုပ်ကိုဖတ်နေရင်းကမှ ပြန်ပိတ်လိုက်ပြီး မျက်မှန်ဆွဲဖယ်လိုက်ကာ သူ့ကို မော့ကြည့်ရင်းပြောနေသော ဂျယ်ယွန်းကို ကြည့်လိုက်မိသည်။
ဖန်ဂေါ်လီလုံးတွေလို မျက်ဝန်းတွေဟာတောက်ပလွန်းတော့ ဟီဆွန်းမှာ မပြုံးဘဲမနေနိုင်ဖြစ်ရပြန်၏။

"မဟုတ်ပါဘူး..အစ်ကို့ကြည့်ရတာ အရမ်းပင်ပန်းနေသလိုမို့လို့လေ..အဲ့ဒါ ဒိတ်ကြမလားလို့ ဟီး "

သူ့ပေါင်ပေါ်လှဲရင်းကမှ မျက်နှာငယ်လေးဖြင့်ပြောရင်း သူ့အတွက်စဉ်းစားပေးသည့်ပုံစံလေးဖြင့်ပြောချိန်မှာတော့ ငုတ်တုတ်ကလေးထထိုင်ကာ သွားလေးတွေစိရင်း ပြုံးပြလျက်ပြောရှာသည်။

"ဒိတ်ချင်ရင် ဒိတ်လုပ်မယ်ပြောလည်းရတာပဲကို ပေါင်ပေ့လေးရဲ့.. အရမ်းတွေ တတ်နေတာပဲ "

ဟီဆွန်း အသည်းယားစွာရယ်လိုရင်း ဂျယ်ယွန်း၏ နှာထိပ်ဖျားလေးကိုဆွဲလိုက်သည်။
ထိုအခါ ရဲသွားသော သူ့နှာခေါင်းလေးကို ပါပီလေးတွေပွတ်သလိုပွတ်နေပြီး နှာတစ်ရှုံ့ရှုံ့ဖြင့် မျက်စောင်းထိုးပြနေသော ဂျယ်ယွန်းမှာ တကယ့်ကို ကလေးလေးအတိုင်းပင်။

You've reached the end of published parts.

⏰ Last updated: Jun 10, 2023 ⏰

Add this story to your Library to get notified about new parts!

Insomnia Mika's ThoughtsWhere stories live. Discover now