After Breaking up 0.2

142 27 7
                                    

After Breaking up -0.2

~

အဲ့ဒီနေ့က မိုးမရွာခဲ့ဘူး။
သာမန်လိုနေ့တစ်နေ့ကိုတောင်မှ အတော်လေးသာယာလှပတယ်လို့ဆိုနိုင်တယ်။
သို့ပေမဲ့လည်း သူ့အတွက်တော့ ရာသီဥတုသာယာသလား၊ဝန်းကျင်ဟာလှပနေလား သူမသိခဲ့ဘူး။

ဟီဆွန်း တိုက်ခန်းတံခါးကိုဖွင့်ဖွင့်ချင်း မှောင်မိုက်နေတဲ့ အခန်းအသွင်အပြင်က သူနဲ့တစ်ထပ်တည်းကျနေတာကို သတိထားမိခဲ့သည်။
တဆတ်ဆတ်တုန်နေတဲ့ လက်သွယ်သွယ်တို့က သူရိုက်ချိုးပစ်ချင်လောက်ရတဲ့အထိကို သူ့ကို စိတ်ဒုက္ခပေးနေလေ၏။

သက်ပြင်းတစ်ချက်ပင့်ရှိုက်ပြီး ဟီဆွန်း ဆိုဖာဆီဦးတည်ပြီး ခြေကုန်လက်ပမ်းကျသည့်နှယ် ထိုင်ချလိုက်မိလျက်။
ဆိုဖာနောက်ဘက်ကိုအမှီပြု၍ မျက်နှာကို မော့ထားလေတော့ ခန်းစီးစလွတ်ဟင်းနေသော ပြတင်းပေါက်မှ အလင်းရောင်တချို့ဟာ ဟီဆွန်းမျက်နှာပေါ် ပြန့်ကျဲကုန်သည်။

ဟီဆွန်း အကုန်ခံစားနေမိသည်။
သူ့မျက်နှာပြင်ပေါ်ကျလာတဲ့ အလင်းရောင်တွေကိုရော၊
သူ့လက်ဖျားကိုတွန်းတိုက်သွားတဲ့ ပုရွက်ဆိတ်ကလေးကိုရော၊
သူ့မျက်ဝန်းများကြားထဲက လျှံကျလာသော မျက်ရည်စတွေကိုရော...။

သိပ်ကိုခက်တယ်။

ထိုသူကိုမေ့မည်ကြံထားသောကြောင့် သူတမ်းတမ်းတတရွတ်ခဲ့ရသော ထိုအမည်နာမကိုပါ ဘယ်တော့မှ ထပ်မတွေးဟု ဆုံးဖြတ်လိုက်သည်။

ဟီဆွန်း၏ စိတ်တွေမှာ အတော်လေးကိုရှုပ်ထွေးနေသော ဝင်္ကာပါအတိုင်းနှယ်။ ငိုရခက်၊ရယ်ရခက် အခြေအနေတွေထက် ပိုဆိုး၏။
လူဆိုတာက ကိုယ်ပိုင်ဆိုင်ထားတဲ့အရာကို လက်မလွှတ်ခင်အထိသာ တန်ဖိုးမထားတတ်ကြတာ၊နှမြောရကောင်းမှန်းမသိတာ ဟုဆိုကြပေမဲ့လည်း သူကတော့ ထိုကောင်လေးနဲ့ပတ်သက်ခဲ့လျှင် သူသဘောကျသမျှအရာရာက ဒုတိယဖြစ်သည်အထိ ဖြည့်ဆည်းချင်ခဲ့သူပင်။

ရင်ဘတ်ထဲ စို့တက်လာသောခံစားမှုကြောင့် သူ့အတွေးတွေက ပိုမွန်းကြပ်စေလာသည်။

အခုချိန်တွင် သူဟာ နီကိုတင်းဓါတ်ကိုလိုသလား၊
ကဖင်းဓါတ်ကိုလိုသလား မသိတော့။

Insomnia Mika's ThoughtsWhere stories live. Discover now