After Breaking up 0.3

102 20 8
                                    


After Breaking up 0.3

အတွေးမဲ့တဲ့ အိပ်မက်တွေက အရာအားလုံးထက်ပိုလှတယ်။
ထို့ထက် ဟီဆွန်းကတော့ အသွားမညီတဲ့ စိတ်မျဉ်းပြိုင်တွေလေ့လာရတာကို ပိုချစ်တယ်။

လွန်ခဲ့တဲ့ ၅နှစ်လောက်ကအထိ ဟီဆွန်း၏ နေ့ရက်တိုင်းကပုံမှန် အစီစဉ်တကျထားသည့်အလား ဖြစ်ခဲ့တာချည်းပင်။ ထိုနေ့ရက်တွေမှာ ဟီဆွန်းဟာအလုံးစုံ အပူအပင်ကင်းစင်သည့်ကျောင်းသားလေးတော့မဟုတ်ခဲ့ပေမဲ့ စိတ်ပျော်အောင်နေခွင့်ရခဲ့သောနေ့ရက်များပင်။
မနက်လင်းလျှင် သူနှစ်သက်လွန်းလှသော စိတ်ပိုင်းဆိုင်ရာ အတန်းများကို တက်ရသည်မှာ သူ့ကို ပိုပြီးစိတ်ဓါတ်တက်ကြွစေသည်။
အချိန်ပိုင်းအလုပ်နှင့် ကျောင်းကိုသာအမြဲလိုလို ကူးလူးဖြတ်သန်းနေခဲ့ပေမဲ့ ခါတရံမှာတော့ မိဘမဲ့ကျောင်းက ကလေးလေးတွေဆီသွားပြီး အချိန်ကုန်ဆုံးရသည်ကတော့ ပျော်ရွှင်မှု တစွန်းတစတွေပင်။

ဟီဆွန်း၏ နေ့ရက်များက အလွန်အေးချမ်းပါသည်။
ကော်ဖီတစ်ခွက်ရှိရုံနှင့် တင်းတိမ်နိုင်သည့်ဘဝမဟုတ်သော်ငြား တတ်နိုင်သမျှ အကောင်းမြင်စိတ်မွေးရင်း ဖြတ်သန်းခဲ့ရသဖြင့် ရှင်သန်ရကျိုးနပ်သည်ဟုဆိုရမည်။

သို့သော်...
ထိုမျက်ဝန်းပိုင်ရှင်တို့နှင့်မဆုံခင်အထိပဲ သူ့၏ ရောင့်ရဲနိုင်ခြင်းတို့ဟာတည်မြဲခဲ့သည်။

တက္ကသိုလ်တူဂျူနီယာလေးဟုသိထားခဲ့သော ထိုပါပီပေါက်လေးမှာ သူ့၏ နေ့ရက်တွေထဲပါဝင်လာခဲ့သလို
ခါတလေကျတော့လည်း ရယ်သံသေးသေးလေးတွေက သူ့အကြားအာရုံထဲ ဝင်တိုးနှောက်ယှက်ခဲ့သေးသည်။

"အစ်ကို ဟီဆွန်း..ကျွန်တော် ဒါလေးနားမလည်လို့ ရှင်းပြပေးပါလား ဟင် "

စာကြည့်တိုက်ထဲမှာ စာဖတ်နေတဲ့ သူ့အနားကို ဖြည်းဖြည်းချင်းကပ်လာပြီး စာအုပ်လေးကို ပိုက်ထားကာ မျက်နှာငယ်နှင့်ပြောလာသောထိုကောင်လေးကြောင့် အံ့ဩခြင်းတစ်ဝက်ဖြင့်ပြုံးမိလုမတတ်ဖြစ်ခဲ့၏။

"အင်း ပြကြည့်လေ "

တွက်ရသည်မှာသိပ်မခက်ပေမဲ့ နားလည်ရခက်သော ပုစ္ဆာတစ်ပုဒ်ဖြစ်နေသောကြောင့် ဟီဆွန်း ဦးနှောက်ကိုအလုပ်တစ်ချက်ပေးလိုက်ပြီး တတ်နိုင်သမျှရှင်းပြတော့ ထိုကောင်လေးဟာ အညိုရောင်ဆံပင်လေးတွေလှုပ်သည်အထိ ခေါင်းတညိတ်ညိတ်ဖြင့် နားထောင်နေသည်။

Insomnia Mika's ThoughtsWhere stories live. Discover now