Chapter 226- Boom Boom Boom 4

2.1K 379 12
                                    

Unicode

" ကောင်းတယ်.. အဲ့ဒါဆို သူ့ကို အမြည်းလေးအရင်ကျွေးရအောင်.. ရှောင်ပိုင်ရဲ့ မွေးနေ့လက်ဆောင်အဖြစ် သဘောထားလိုက်ပေါ့"
ဖန်တာ့က လက်ဖက်ရည်ခွက်ကို လှုပ်ရင်း ပြောလိုက်သည်။
" စက်တင်ဘာလ ချိုးဟယ်မွေးနေ့ကျမှ တကယ့်ပွဲကြီးက်ို ကျွေးရမယ်.. ငါ့မြေးအတွက် မွေးနေ့လက်ဆောင်"

ဟူကျောက်က ခေါင်းညိတ်သည်။
" အခုပဲ လုပ်လိုက်ပါ့မယ်"

နောက်ရက်အနည်းငယ်အကြာတွင် Wolf Venom ရော V&G အတွက်ပါ စာချုပ်ချုပ်ခြင်း ပြီးစီးခဲ့၏။ ရှင်ရှောင်ဖုန်းက တိချိုးဟယ်အတွက် ​V&G ၏ မော်ဒယ်အစား ပြောခွင့်ရပုဂ္ဂိုလ်တစ်ဦးအနေနှင့်ပါ စာချုပ်ချုပ်ခဲ့ခြင်းဖြစ်၏။

" သူတို့ကတော့ အစက မော်ဒယ်အနေနဲ့ပဲ စာချုပ်ချုပ်ချင်နေတာ .. အဲ့ဒါနဲ့ ဘော့စ်ရဲ့ အလားအလာကောင်းမှုတွေ အားလုံးကိုကြွားလိုက်တာ သူတို့က ဘော့စ်ကို တရုတ်ပြည်အတွက် ပြောခွင့်ရပုဂ္ဂိုလ်အနေနဲ့ စာချုပ်ချုပ်ဖို့ လက်ခံလိုက်တယ်... စာချုပ်ကတော့ တစ်နှစ်ပဲ ဒါပေမဲ့ Wolf Venom ထွက်လာတဲ့အခါကျရင် ကြည့်ပါလိမ့်မယ်... ဘော့စ်နဲ့ ဒီ့ထက်ပိုကြာအောင် စာချုပ်ချုပ်ထားလိမ့်မယ်"
ရှင်းရှောင်ဖုန်းက ပြုံး၍ ထပ်ပြောနေသည်။
" ကြော်ညာရိုက်ကူးရေးက ဇူလိုင်လနောက်ဆုံးပတ်မှာ ရှိမယ်.. ဟောပိုင်က ရိုက်ရမဲ့သူဆိုတော့ အချိန်ကိုကြိုပြောပေးထားတာ"

ဟောပိုင်က ရှင်းရှောင်ဖုန်းကို လက်မထောင်ပြလိုက်သည်။
" အရမ်းတော်တယ်.. ရှောင်ဖုန်း.. ခင်ဗျားအပေါ် အကြွေးတစ်ခုတင်သွားပြီ"

" ဟင်း.. မင်း ငါ့အပေါ်တင်တာ အကြွေးတစ်ခုထဲ မို့လို့လား"
ရှင်းရှောင်ဖုန်းလေသံက ပြောင်းသွားသည်။
" မင်းတို့ weibo ပေါ် တင််လိုက်တဲ့ post ကို ငါ ဘယ်လောက်တောင် လိုက်ရှင်းထားရလဲသိလို့လား ... netizen တွေက အရမ်းအဓိပ္ပါယ်ပါတဲ့ cmt တွေနဲ့ ငါရော ငါ့အဖွဲ့ရော ဖင်မီးထွက်အောင် ထိုင်လုပ်ထားရတာ... မင်းတို့ဘယ်အချိန် အသိပေးမှာလဲ.. ကြိုပြောဦး ငါလဲ ပြင်ထားလို့ရအောင်"

ဟောပိုင်က မျက်နှာလေးရဲသွားကာ သူ့ weibo ကို နှစ်ယောက်ပိုင်ပစ္စည်းအဖြစ် သုံးနေသည့် တိချိုးဟယ်ကို စိုက်ကြည့်သည်။
" နှစ်ကုန်ကျရင်.. ဆုပေးပွဲတွေ ပြီးတဲ့အချိန်ထိပဲ စောင့်ပေးပါဗျာ"

OUR ( One Useless Rebirth) 2Where stories live. Discover now