Chapter 285 - Extra 9

1.3K 234 1
                                    

Unicode

ဟောပိုင်နှင့် ကုရှီးဖန်တို့က ချိုးဟီ ကိစ္စပြီးနောက် ချက်ချင်းဆိုသလို ရင်းနှီးသွားကြသည်။ နှစ်ယောက်သား ဓာတ်ပုံများအကြောင်းဆွေးနွေးကြ ဓာတ်ပုံပညာဟောပြောပွဲတွေ သွားလိုက်ကြနှင့် အရင်းနှီးဆုံး သူငယ်ချင်းများလို ဖြစ်သွားကြ၏။

တစ်လအတွင်း သူတို့နှစ်ယောက် အတူသွားသည့်နေရာတွေ အတော်များ၏။ ကုရှီးဖန်က ဟောပိုင်ကို လူအရောက်အပေါက်နည်းသည့် နေရာများသို့ ခေါ်သွားသည်။ မိဘမဲ့ဂေဟာနှင့် စွန့်ပစ်ခံအဆောက်အဦးများသို့လဲ ခေါ်သွား၏။ အနုပညာရှင်တို့၏ စတူရီယိုများ အခမ်းအနားများသို့သာ ရောက်ဖူးသည့် ဟောပိုင်အတွက် အတော်ပင် ဆန်းကျယ်နေ၏။ ကုရှီးဖန်နှင့် နေရာအတော်များများရောက်လေလေ သူရှင်သန်ခဲ့သည့် ဘဝလမ်းကြောင်း ဘယ်လောက်ကျဥ်းနေသည်ကို သဘောပေါက်လာလေလေဖြစ်သည်။ ပင်ပင်ပန်းပန်းအလုပ်လုပ်ကာ ပျော်ရွှင်မှုကို ခက်ခက်ခဲခဲ ရှာနေရသူတို့ကို ဟောပိုင် ကင်မရာနှင့် မချိန်ဖူးခဲ့။

" လူတစ်ယောက်ရဲ့ အပြင်ပန်းအလှအပထက် အတွင်းစိတ်ရဲ့ အလှတရားကို ဓာတ်ပုံရိုက်ရတာ ဘယ်လောက်ကောင်းလိုက်လဲ... အစ်ကို့ကို အထင်မလွဲနဲ့နော် အစ်ကိုမင်းရဲ့ဓာတ်ပုံတွေအကုန် သဘောကျပါတယ်.. ဒါပေမဲ့ မင်းက တခြားရှုထောင့်ကနေ ဓာတ်ပုံပညာကို ချဥ်းကပ်ဖို့ အလားအလာကောင်းလွန်းနေတယ်"
နေ့လည်စာ စားနေကြရင်း ကုရှီးဖန်က ဟောပိုင်ကို အရိုးသားဆုံးပြောပြ၍ အကြံပေးသည်။
" ရှောင်ပိုင်.. အတွင်းစိတ်နဲ့ အပြင်ပန်းကို ဆက်သွယ်နိုင်တယ်ဆိုတာ တကယ့်ကို အရေးအကြီးဆုံးပဲ.. လူတိုင်းက အသက်ကြီးလာကြမှာ.. ဒါပေမဲ့ အဲ့ဒီလူရဲ့ ငယ်ရွယ်တဲ့ စိတ်ဝိညာဥ်ကိုတော့ အမြဲသိမ်းထားလို့ရတယ်.. မင်း ငါပြောချင်တာ နားလည်ရဲ့လား"

ဟောပိုင်က စောစောကရိုက်ထားသည့် ဓာတ်ပုံတစ်ပုံကို ကုရှီးဖန်နှင့် အတူကြည့်ရင်း စိတ်ပါလက်ပါ ခေါင်းညိတ်သည်။ သူ ကုရှီးဖန်ဆီက သင်ခဲ့ရတာမနည်း။

ဓာတ်ပုံထဲတွင်တော့ ဆောက်လုပ်ရေးလုပ်ငန်းတွင် လုပ်နေသည့် အလုပ်ကြမ်းအမျိုးသမီးတစ်ယောက်။ ရုပ်ရည်က အိမ်ဘေးမှ အန်တီကြီးများလို သာမန်သာဖြစ်၏။ သို့သော် ကုရှီးဖန်၏ ဓာတ်ပုံထဲတွင် ထိုအမျိုးသမီးက တောက်ပနေသည်။ မျက်လုံးတို့က ပင်ပန်းပေမဲ့ မျှော်လင့်ချက်အလင်းရောင်ကြောင့် တဖျပ်ဖျပ်လက်နေ၏။ သို့သော် ဓာတ်ပုံတစ်ပုံလုံးကို ခြုံကြည့်ပါက သူမ၏ သားဖြစ်သူ တက္ကသိုလ်ကောင်းကောင်း တက်နိုင်မည်ကို သိလိုက်ရ၍ အားတက်နေသည့် ပုံရိပ်ကိုပါ မြင်နိုင်ပေမည်။

OUR ( One Useless Rebirth) 2Where stories live. Discover now