Chapter 262 - တားမြစ်ဆေး 1

1.8K 328 3
                                    

Unicode

တိချိုးဟယ်နှင့် ဟောပိုင်တို့နှစ်ယောက်လုံး ခန်းမထဲမှ ထွက်ပြီးနောက် သက်တော်စောင့်များ၏ ကောင်းမှုကြောင့် ကားထဲအဆင်ပြေချောမွေ့စွာ ရောက်လေသည်။

ခန်းမအပြင်ဘက်တွင် စောင့်နေကြသည့် တိချိုးဟယ်ပရိသတ်များကလဲ အပျော်လွန်ကာ အော်ဟစ် ထခုန်နေကြ၏။

ကားထဲရောက်တော့မှ ဟောပိုင်က မျက်နှာအုပ်ထားသည်ကို ဖယ်၍ ခန်းမအပြင်ဘက်မှ ဆူညံနေသည့် လူအုပ်ကိုကြည့်၍ တိုးတိုးလေး ရေရွတ်သည်။
" ကျစ်..ရှက်စရာကောင်းလိုက်တာ"
တွင်းတစ်တွင်းတူးကာ ဝင်ပုန်းပြီး လူတွေရှေ့မှာ နမ်းခဲ့သည့်အကြောင်းကို မေ့ပစ်လိုက်ချင်သွားသည်။

" ခွေးပေါက်လေး.."
တိချိုးဟယ်က သူ့ကို အခုထိ အကြည့်လွှဲနေသည့် ဟောပိုင်၏ နားရွက်ဖျားလေးကို ဖွဖွနမ်း၍ မျက်နှာအုပ်ထားသည့် လက်လေးကို ဆွဲဖယ်နေသည်။ ပေါ်လာသည့် ဟောပိုင်မျက်နှာလေးက ရဲရဲနီနေ၏။

" ခွေးပေါက်လေး မင်းက ကိုယ့်အပေါ် အရမ်းကောင်းတာပဲ.. ဒီနေ့ ကိုယ် ဘယ်လောက်ပျော်နေတယ်ဆိုတာ စကားလုံးနဲ့တောင် ဖော်ပြလို့မရဘူးသိလား"
တိချိုးဟယ်က ဟောပိုင်နားနားကပ်ကာ လေသံနှင့် တိုးတိုးလေးပြောနေသည်။

ထိုစကားကြောင့် နဂိုထဲက နီနေသည့် နားရွက်လေးမှာ ရဲတွတ်သွားကာ တိချိုးဟယ်ပါးစပ်ကို လက်နှင့်အုပ်သည်။
" မပြောပါနဲ့တော့ဆို"

" ဟုတ်ပါပြီဗျာ.. ဟုတ်ပါပြီ"
တိချိုးဟယ်က ဟောပိုင်လက်ဖဝါးလေးကို နမ်းရင်း ရယ်နေ၏။
" အပြစ်ဒဏ်အနေနဲ့ ကိုယ် တစ်သက်လုံး မင်းရဲ့မော်ဒယ်အဖြစ်နဲ့ နေပေးမယ်လေ... မကောင်းဘူးလား"

" ကျွန်တော် တော်တော့လို့ ပြောနေတယ်နော်"
ဟောပိုင်က တိချိုးဟယ်ကို လည်ပင်းထညှစ်တော့မလို လုပ်တော့မှ တိချိုးဟယ်တစ်ယောက် ဟောပိုင်မျက်နှာလေးကို သေချာမြင်ရတော့သည်။ မျက်နှာတစ်ခုလုံး ခရမ်းချဥ်သီးလေးလို ရဲတွတ်နေရုံမရ မျက်လုံးလေးများကလဲ ဒေါသကြောင့် ရဲရဲနီကာ တိချိုးဟယ်ကို စိုက်ကြည့်နေ၏။
" ပွဲမှာတုန်းကတော့ ကျွန်တော့်မော်ဒယ်မလုပ်ချင်ဘူးဆို.. ရတယ်လေ.. တခြားတစ်ယောက်ပဲ လိုက်ရှာတော့မယ်"

OUR ( One Useless Rebirth) 2Where stories live. Discover now