Chapter 230- ဒီပုတ်ထဲက ဒီပဲ 4

2K 360 2
                                    

Unicode

D ပြည်နယ်တွင် ဖြစ်သည်။

ချင်းလီက လက်ထဲမှ Ipad ကို ဆောင့်ချကာ ဆိုဖာပေါ်  ပစ်လှဲလိုက်၏။ မျက်နှာနှင့် ဆိုဖာအပ်ကာ စိတ်ညစ်နေရှာသည်။

အရင်ကထက် ပို၍ လူမမာရုပ်ပေါက်နေသည့် ချိန်ဖေကျုံးက အနားမှာထိုင်၍ နှစ်သိမ့်ပေးနေသည်။
" လီရယ် စိတ်မညစ်ပါနဲ့.. အင်တာနက်သတင်းတွေကတော့ ဒီလိုပါပဲ.. လူတွေက တစ်ရက်နှစ်ရက်လောက် လှောင်လို့ဝသွားရင် နောက်ရက်ကျ တခြားကို စိတ်ဝင်စားသွားလိမ့်မယ် ... အရမ်းစိတ်မပူနဲ့.. Huangdu က လုံးဝပျက်စီးသွားပြီ.  တိဘီရန်လဲ တစ်သက်လုံး အကောင်းအတိုင်း ပြန်ဖြစ်တော့မှာ မဟုတ်ဘူး.. ခဏတော့ လူကြားထဲမထွက်သေးပဲ ငြိမ်နေကြရအောင်..  အဟွတ် အဟွတ်"
ချိန်ဖေကျုံးက အသက်ပြင်းပြင်း တစ်ချက်ရှိုက်သည်။
" ရှားဆုန်းက နှစ်နှစ် သုံးနှစ်အတွင်း လွတ်လာလိမ့်မယ်.. စိတ်မပူနဲ့.. သူ လွတ်တဲ့အချိန်ကျ နှစ်ဆယ်ကျော်လောက်ပဲ ရှိဦးမှာ ဘဝကို အသစ်ပြန်စဖို့ အများကြီး အချိန်ရသေးတယ်"

" ဒါပေမဲ့ ဘယ်လောက်ရင်နာဖို့ကောင်းလဲ.. ကျွန်မကလေးတွေဘဝက .. တစ်ယောက်က စိတ်ရောဂါရှိနေတယ်လို့ အပြောခံရတယ် တခြားတစ်ယောက်ကျတော့လဲ လူသတ်သမားတဲ့"
ချင်းလီက ချိန်ဖေကျုံးကို ဖက်ကာ ရှိုက်နေ၏။
" ဖေကျုံး.. ဒါ ကျွန်မ ဝဋ်လည်နေတာပဲဖြစ်မယ်.. ငယ်ငယ်က ရှင့်ရဲ့ မေတ္တာတွေကို လျစ်လျှူရှုခဲ့လို့ ဘုရားက ကျွန်မကို ဒဏ်ခတ်တာ.. ဖေကျုံး.. ကျွန်မရှင့်ကို လုပ်ခဲ့မိတာတွေအတွက် တောင်းပန်ပါတယ်နော်.. ရှင်လဲ နေမြန်မြန်ပြန်ကောင်းလာပါတော့.. ကျွန်မမှာ အားကိုးစရာ ရှင်တစ်ယောက်ပဲ ရှိတော့တာ"

ချိန်ဖေကျုံးအကြည့်ထဲတွင် မုန်းတီးရိပ်တို့ ခဏတာ ဖြတ်ပြေးသွားပေမဲ့ ချက်ချင်းပင် နူးညံ့သည့်အကြည့်တို့အဖြစ် ပြန်ပြောင်းသွား၏။ ချင်းလီကို ကျောလေးပုတ်ပေးကာ ဆက်၍ နှစ်သိမ့်ပေးနေသည်။
" ကိုယ်လဲ ပြန်ကောင်းလာဖို့ မျှော်လင့်ပါတယ်.. မငိုပါနဲ့ကွယ်.. မင်း ပြုံးနေတာလေးကို ကိုယ်က ပိုသဘောကျတာ"

ထိုစကားကြောင့် ချင်းလီ အတော်လေးစိတ်သက်သာရာ ရသွားကာ ရေချိုးခန်းထဲဝင်၍ ကိုယ်လက်သန့်စင်သည်။ ပြန်ထွက်လာတော့ ချိန်ဖေကျုံးအနားထိုင်ကာ ခြေထောက်များ နှိပ်နယ်ပေး၏။
" ဘယ်လိုနေသေးလဲ.. ဆရာဝန်က ဘာပြောသေးလဲ"

OUR ( One Useless Rebirth) 2Where stories live. Discover now