Ep .2

269 12 4
                                    

ဒီနေ့တော့ ကျောင်းကိုလမ်းလျှောက်ပြီးတော့ပဲ လာခဲ့လိုက်တော့တယ်။ မနေ့က ဘရိတ်မမိတဲ့စက်ဘီးက အခုထိသွားမပြင်ရသေးဘူး ။ကျောင်းပိတ်ရက်မှပဲ သွားပြင်လိုက်တာကောင်းတယ်လို့တွေးပြီး အိမ်ကနေထွက်လာခဲ့လိုက်တယ် ။

"ဟေ့ရောင် မင်းဒီနေ့ စက်ဘီးမပါဘူးလား"

အသံကြားရာကိုလှည့်ကြည့်လိုက်တော့ ငြိမ်းချမ်းကိုကို ဖြစ်နေတယ်။ ဒီကောင်နဲ့က တော်တော်လေးကို ရေစက်ဆုံနိုင်လွန်းတယ် ။

"စက်ဘီးမပါရင် ငါ့စက်ဘီးနောက်ကလိုက်ခဲ့ "

တမင်မကြားချင်ယောင်ဆောင်ပြီး ရှေ့ဆက်သွားနေပေမယ့် နောက်ကနေ ဘဲလ်တီးပြီး တောက်လျှောက်လိုက်ပြောနေတာမို့ စိတ်ကမရှည်ချင်တော့ ။

"ရတယ် ကိုယ့်ဘာသာသွားစရာရှိတာသာသွား"

စိတ်မရှည်သလို လေသံနဲ့ပြောလိုက်တော့ အရှေ့ကကောင်က ကျွန်တော်ကိုမျက်မှောင်ကျုံ့ပြီးကြည့်လာတယ် ။

"အေးအဲ့တာဆိုလည်း ပြီးတာပဲ စေတနာနဲ့မတန်တဲ့ကောင်"

ဒီကောင့်ကို တကယ်နားမလည်နိုင်တော့ဘူး အမှန်ဆို ကိုယ်ကတောင်သူ့ကို စေတနာနဲ့လိုက်ခဲ့မလားေခါ်တဲ့ဟာကို စကားပြောတာတကယ်အချိုးမပြေတဲ့ကောင် ။စိတ်ရှိတိုင်းသာကိုင်ပေါက်လိုက်ရရင် ကျောင်းကိုလမ်းေလျှာက်စရာမလိုပဲတန်းရောက်သွားတော့မှာပဲ ။နောက်ထပ်စကားရှည်မနေချင်တော့တာနဲ့ တစ်ယောက်ထဲပဲလာခဲ့လိုက်တော့တယ်။

"ဟဲ့ ငြိမ်းချမ်း ငါ့ကိုဒီပန်းအိုးလေး ဘုရားစင်ပေါ်တင်ပေးပါ့လား"

နှင်းဆီအနီတွေထိုးထားတဲ့ ဘုရားပန်းအိုးကိုကိုင်ပြီး ပြောလာတဲ့ ထက်ထက်လှိုင်ကြောင့် လွယ်အိတ်သွားထားပြီး ဘုရားပန်းအိုးကို စင်ပေါ်တင်ပေးလိုက်တယ် ။ဘုရားစင်က နဲနဲမြင့်တော့ မိန်းကလေးတွေတင်ဖို့ဆိုတာ အဆင်မပြေလှပေ ။အဲ့တာကြောင့်လည်း ဘုရားပန်းအိုးတင်ရင် ယောက်ျားလေးတွေကိုသာ အကူအညီတောင်းကြတာဖြစ်သည်။

"ကျေးဇူးပဲနော် ငြိမ်းချမ်း"

အသားဖြူဖြူနဲ့ တရုတ်စပ်လေးဖြစ်တဲ့ ထက်ထက်လှိုင်က ပြုံးလိုက်ရင်ခွက်၀င်သွားတဲ့ပါးချိုင့်လေးကြောင့် တော်တော်လေးလှတယ်လို့ပြောရမယ်။ ဒီကြားထဲသူက စာတော်တဲ့ကျောင်းသူဆိုတော့ ယောက်ျားလေးတော်တော်များများက သဘောကျကြသည် ။စာတော်သလောက် မာနလည်း တော်တော်ကြီးတဲ့သူဖြစ်တာကြောင့် တော်ရုံကောင်တွေက သူ့အနားသိပ်မကပ်ရဲကြတာဖြစ်မည်။

𝑅𝑖𝑔ℎ𝑡 𝑃𝑒𝑟𝑠𝑜𝑛 Tahanan ng mga kuwento. Tumuklas ngayon