Ep.9

112 8 2
                                    

ဒီနေ့တော့ ကျောင်းသွားဖို့အတွက် ငြိမ်းချမ်းကိုကိုရဲ့ အိမ်ကို ဝင်ခေါ်ဖို့တွေးလိုက်သည်။ သူ့အိမ်ကို တစ်ခါမှမရောက်ဖူးပေမယ့် ကိုယ်နေတဲ့လမ်းရဲ့ ရှေ့ကလမ်းဆိုတော့ သိပ်တော့မဝေးပေ ။ မနေ့ကတည်းက စက်ဘီးပျက်နေတာ...ဒီကောင်ကသွားပြင်ရဦးမှာမဟုတ်သေးဘူး ။ သူတို့လမ်းထဲဝင်ဝင်ချင်း လမ်းထိပ်တွင် ငြိမ်းချမ်းကိုကို လမ်းလျှောက်ပြီးလာနေတာကို တွေ့ရတာမလို့ လက်လှမ်းပြလိုက်သည်။ ကိုယ့်ကိုမြင်သွားတော့ ငြိမ်းချမ်းက ခြေလှမ်းကို ခပ်သွက်သွက်လှမ်းကာ ကိုယ့်အနားကို ရောက်လာသည်။

"ဘယ်သွားမလို့လဲ ငါ့ကိုလာခေါ်တာလား "

"ဟုတ်တယ်လေ မင်းစက်ဘီးမပြင်ရသေးဘူးမလား "

"အဲ့လိုမှန်းသိ အိမ်ကနေပဲထိုင်စောင့်နေပါတယ်ကွာ...အခုတော့ လမ်းလျှောက်လာရတာ ခြေဖဝါးနုနုလေး သွေးခြေဥတော့မှာပဲ "

ငြိမ်းချမ်းက စိတ်ပျက်သလိုငြီးငြူပြတဲ့ပုံစံဖြင့် စနောက်နေသေးသည်။

"သွေးခြေဥမှာစိုးရင် ဘာလို့လမ်းလျှောက်လာလဲ ငါကြည့်ဖူးတဲ့ ကာတွန်းကားတွေထဲကလို တံမြက်စည်းပျံ စီးပြီးလာခဲ့လေ "

ငြိမ်းချမ်းကိုကိုက စက်ဘီးပေါ်မတက်သေးပဲ ခဏနေသေးသည် ပြီးမှ

"နည်းနည်းစောနေသေးတယ် လမ်းလျှောက်သွားရအောင် "

"ဟမ် ဒါဆိုငါက ဒီစက်ဘီးကို ငါ့အိမ်ပြန်ထားရမှာလား "

မြင်ဖူးသမျှ အညာသားတော်တော်များက လည်တာမှပန်ကာထိပ်သီးလိုပဲ....သူ့ရှေ့က အညာသားလေးကတော့ စာကလွဲရင် ကျန်တဲ့နေရာတွေမှာ တော်တော်လေးကိုပိန်းသည်။

"တွန်းသွားလို့ ရတယ်လေ နလပိန်းတုန်းရဲ့ "

ပြောလိုက်တော့ စက်ဘီးကို ကျွန်တော့်ဘက်ကိုပြောင်းပေးသည်။

"ရော့ငါမတွန်းချင်ဘူး မင်းတွန်းခဲ့"

စက်ဘီးတွန်းပြီး လမ်းလျှောက်လာတော့လည်း ပြောစရာစကားရှာမရပေ။ ဘယ်ကစပြောရပါ့မလဲ....ရင်းနှီးလောက်တဲ့ဆက်ဆံရေးလို့ထင်ထားပေမယ့် တကယ်တမ်းနှစ်ယောက်တည်းရှိတဲ့ အချိန်ကျ ပြောစရာစကားတွေက အစရှာလို့တောင် မရပေ။ ဒါမှမဟုတ် ....ပြောမထွက်တဲ့ စကားလုံးတွေ ဖြစ်နေတာများလား ။

𝑅𝑖𝑔ℎ𝑡 𝑃𝑒𝑟𝑠𝑜𝑛 Where stories live. Discover now