Ep.12

119 7 9
                                    

"ကဲ...အားလုံးပဲ မနက်ဖြန်ကျရင် စစ်ဆေးရေးတွေ လာမှာမလို့ လက်သည်း ခြေသည်းတွေ အကုန်ညှပ်ခဲ့ကြမယ်။ ဆံပင်တွေကိုလည်း ထိုးထိုးထောင်ထောင်တွေ လုပ်မလာကြနဲ့ ၊ ယောက်ျားလေးတွေ ဆံပင်ရှည်နေရင် တစ်ခါတည်း ညှပ်ခဲ့ကြ ။ ငါ့လက်ထဲရောက်မှ ညှပ်မယ်ဆိုရင် ကတုံး တုံးပစ်မှာ ၊ ပြီးတော့ ကျောင်းသား ကတ်တွေကိုလည်း လည်ပင်းမှာဆွဲထားကြ ၊ နင်တို့မလှမပရုပ်တွေကို စတစ်ကာအုပ်ထားရင် ရအောင် ပြန်ခွာထားကြ ။ အထူးသဖြင့် မိန်းကလေးတွေ လက်သည်းနီတွေ ဆိုးထားရင် ဖျတ်ခဲ့ကြ။ ငါသိပ်အများကြီး မမှာချင်ဘူးနော် ဒါပဲပြောမယ် ...ကဲစာအုပ်ထုတ်ကြတော့ စာသင်မယ် "

ဆရာမရဲ့ ပြောသံအဆုံးမှာ ကျောင်းသားတွေအားလုံးရဲ့ မျက်နှာက ခုနှစ်ခေါက်ချိုး ၊ ရှစ်ခေါက်ချိုး ဖြစ်သွားကြသည်။ တကယ်ပါပဲ...စိတ်ဓါတ် ၊ စည်းကမ်း ၊ ပညာနဲ့ ဆံပင်ကေနဲ့ ဘာဆိုင်တာကျလို့ ..။

"ခန့်ထူး ..."

"ဘာလဲ ..အရှေ့မှာ ဆရာမရှိတယ်လေ "

"ငါ့ဆံပင်ရှည်တယ်လို့ ထင်လား "

ငြိမ်းချမ်းက သူ့ဆံပင်ရှေ့ထိပ်လေးကို ကိုင်ပြီး မေးသည်။

"အင်း ရှည်နေတယ် ကတုံး တုံးလိုက် "

ပြောပြီးအရှေ့ပြန်လှည့်လိုက်တော့ တော်တော် စိတ်ပုတ်တဲ့ အညာသားလေးဆိုတဲ့စကားကို ကြားဖြစ်အောင် ကြားလိုက်သေးသည်။ တကယ်ဆို ငြိမ်းချမ်းရဲ့ ဆံပင်တွေက သိပ်ရှည်မနေပါဘူး ။

"ဖတ်စာအုပ်လေး မပါလို့ ငှားပါဦး "

"ထက်အောင်နဲ့ကြည့်လေ ဘာလို့ လာငှားနေတာလဲ "

ထက်အောင်က ပြုံးစိစိမျက်နှာပေးနဲ့

"ငါလည်း မေ့ခဲ့လို့ကွ "

"ရော့ ...တော်တော်အလုပ်ရှုပ်တယ် "

"ဒါလေးကို ငြိုငြင်နေတာ "

စိတ်မရှည်သလိုပြောနေပေမယ့် ခန့်ထူးက စာအုပ်ကိုတော့ ငှားရှာသည်။ စားပွဲပေါ် စောင့်ကြီးအောင့်ကြီး တင်ပေးထားတဲ့စာအုပ်ကိုကြည့်ပြီး ပြုံးမိသေးသည်။ သူများတွေလို စာအုပ်အဖုံးရဲ့ ထိပ်ဆုံးနားလေးမှာ နာမည်ရေးထားတာမဟုတ်ပဲ အောက်ဆုံးနားလေးမှာ ရေးထားတာဖြစ်သည်။

𝑅𝑖𝑔ℎ𝑡 𝑃𝑒𝑟𝑠𝑜𝑛 Where stories live. Discover now