Ep.4

182 10 0
                                    

"ဆိုက်ကား အားလား ဗျ"

"ဆိုက်ကားအားလားရှင့်"

တစ်စီးထဲသာရှိတော့တဲ့ ဆိုက်ကားကို ငှားရန်နှစ်ယောက်ပြိုင်တူထွက်ပေါ်လာသောအသံဖြစ်သည် ။

"နှစ်ယောက်က သွားရမယ့်လမ်းမတူဘူးလားဗျ ဒီမှာ ဆိုက်ကားကလည်း ကျွန်တော်တစ်ယောက်ပဲရှိတော့တာ "

ဆိုက်ကားသမားဦးလေးကြီးက ပြောလိုက်တော့ အန်တီကြီးရဲ့ မျက်နှာမှာ စိတ်ရှုပ်မှုတွေကို အထင်းသားမြင်တွေ့လိုက်ရတယ်။ ဆိုက်ကားကလည်း ဒီနေ့ကျမှ တစ်စီးပဲတွေ့တော့တယ်။ နောက်တစ်စီးစောင့်ဖို့ဆိုရင် ဘယ်လောက်ကြာဦးမလဲ မသိဘူး ။

"ဒီဘက်က ငါ့တူက ဘယ်လမ်းကိုသွားရမှာလဲကွယ် အန်တီနေတဲ့ လမ်းနဲ့မဝေးဘူးဆိုရင် နှစ်ယောက်အတူသွားရအောင်လို့လေ ပိုက်ဆံကိုလည်း အန်တီကပဲရှင်းပေးပါ့မယ်"

"ကျွန်တော်က ဒီစျေးရဲ့ သုံးလမ်းမြောက်မှာနေတာပါ သိပ်မဝေးပါဘူးဗျ ပြီးတော့ ကျွန်တော့်အမေလည်းပါသေးတယ်ဗျ"

ဆိုက်ကားတစ်စီးထဲကို လူသုံးယောက်စီးဖို့ဆိုရင်အားနာစရာ ပြီးတော့ မာတာမိခင်ကြီး ၀ယ်ထားတဲ့စျေးပစ္စည်းတွေကလည်း နည်းတာမဟုတ်ဘူး

"ဟဲ့ ငြိမ်းချမ်း ဆိုက်ကားငှားထားပါဆိုတာကို ဘာလုပ်နေတာလဲ အခုထိမငှားရသေးဘူးလား"

ရှေ့မကြည့်နောက်မကြည့်နဲ့ ပြောချင်တာပြောနေတဲ့အမေ့ကို မျက်နှာငယ်လေးနဲ့ကြည့်လိုက်မိတယ် ။

"အမေ ဆိုက်ကားက ဒီတစ်စီးပဲရှိတော့တာ ဒီအန်တီကလည်း သားနဲ့အတူငှားနေတာ ဘယ်လိုလုပ်မလဲ"

"ဟုတ်ပါတယ် အစ်မရယ် ကျွန်မမှာလည်း ပစ္စည်းတွေအများကြီးနဲ့မို့ပါ ဒီနေ့ကျမှ သားကို စျေးလိုက်ဖို့မခေါ်ခဲ့မိတော့ ကူသယ်ဖို့လူလည်းမရှိဘူးဖြစ်နေတာအစ်မရယ်"

စောက်ပျင်းတစ်ကောင်ကို သားတော်ထားပုံရတယ် အမေဖြစ်သူကို စျေးတစ်ယောက်ထဲလွှတ်ပြီး  သူ့သားကတော့ အခုချိန်ထိအိမ်မှာ အိပ်နေတုန်းထင်တယ် အန်တီကြီးသနားပါတယ်

"သြော် ရပါတယ်အစ်မရယ် ဒါဆိုလည်း ဆိုက်ကားကို ကျွန်မသားနဲ့ အစ်မပဲစီးသွားလိုက်နော် ကျွန်မလည်း၀င်စရာရှိသေးတာနဲ့အတော်ပဲ"

𝑅𝑖𝑔ℎ𝑡 𝑃𝑒𝑟𝑠𝑜𝑛 Où les histoires vivent. Découvrez maintenant