Episode -1(First pulse)♠

22.1K 321 16
                                    

Clubအတွင်းခုန်ပေါက်ပျော်မြူးနေကြသူများနှင့် အဆက်မပြတ်ထွက်ပေါ်လာသော djသံများကြောင့် ကွန်း မြူးထူးနေ၏။သူငယ်ချင်းအပေါင်းအသင်းလဲမထားတတ်တာမို့ တယောက်ထဲပင် နယ်မြေအနှံ့ကျင်လည်ကျက်စားရင်း ညပိုင်းသူနတ်ဘုံစံနေကျ clubသို့ခြေချလာခြင်း။ကွန်း ကနေရင်းမှ စိတ်ရူပ်လာပြီမို့ လူအုပ်ကြားထဲမှ အတင်းတိုးထွက်ရင်း မျက်လုံးများက နေရာတခုသို့အရောက် နှုတ်ခမ်းများကမဲ့ချပစ်မိသည်။ထို့နောက် ကိုယ့်နေရာသို့သာပြန်လာရင်း ရှတတဝီစကီသို့ လည်ချောင်းထဲသို့တချက်မျောလိုက်ပြန်သည်။ကွန်း သူ့ရှေ့ကအတွဲတတွဲကိုခပ်မိန့်မိန့်ကြည့်ရင်း အမြည်းကိုသာအရသာခံထိုင်စားနေ၏။

"လာပါ သုရှင်ရာ ရောက်တုန်းရောက်ခိုက် ကကြအောင်ပါ"

"ဟင့်အင်း ကိုကလဲ သုရှင် အဲ့လိုလူတွေရူပ်တဲ့ကြားထဲနေရရင် မွန်းကျပ်တာသိရဲ့သားနဲ့..... "

"ကျစ်....သုရှင်ကလဲကွာ ကိုပြောတာဆို တခုမှလိုက်လျောပေးတယ်ကိုမရှိဘူး...."

သုရှင် ကို့ရဲ့ ကလေးဆန်ဆန်အပြောအဆိုကြောင့် ဟက်ခနဲနေအောင် ရယ်ချပစ်မိသည်။ကိုနဲ့သူ ချစ်သူသက်တမ်း ၈လလောက်ရှိပြီဖြစ်သည်။သို့ပေမဲ့ သုရှင် ကိုဆိုသော စည်းခြားမှိုင်းအပေါ် လက်ကိုင်ရုံ ပခုံးဖက်ရုံမှတပါးအခွင့်အရေးမပေးခဲ့။သုရှင် ကိုယ်တိုင်က ခေတ်ပညာတတ်တယောက်ပေမဲ့ ငယ်စဥ်ကထဲက မေမေဆိုတာမရှိခဲ့တာမို့ ပတ်ဝန်းကျင်အမြင်မှာ သုရှင် က အမေမရှိရျ် ဆုံးမမဲ့သူမရှိ အကျင့်ပျက်နေသောမိန်းခလေးတယောက်အဖြစ် မြင်မှာသိပ်စိုးခဲ့သည်။ခေတ်ဆန်စွာနေတတ်ပေမဲ့ သုရှင် ကိုယ့်ကိုကိုယ်စည်းမဲ့ကမ်းမဲ့မနေနဲ့။အထူးသဖြင့် ချစ်သူရည်းစားကိစ္စတွေမှာ သုများပြောစရာဟာကွက်မရှိ နေနေတာက အခုချိန်ထိသာ။သုရှင် ကိုယ့်ကိုတိုင်ပင်ကောင်းအောင်နေရမည်မဟုတ်လားးး......

"ကိုကလဲကွာ....စိတ်မဆိုးပါနဲ့နော် သုရှင် ကိုယ်နဲ့တူတူဒီလိုက်လာပေးတယ်လေ နော်..."

သုရှင် မှိုင်း၏လက်ကိုထပ်ကိုင်ကာ အမူပိုပိုချော့နေပြန်တော့ မှိုင်းဘယ်လိုမှမနေသာ။မှိုင်း ရှေ့ကကလေးမကို အသဲယားစွာဖြင့် သုရှင် ဆံစလေးတွေကို လက်နဲ့သပ်ပေးရန်လက်လှမ်းတော့ သုရှင် နောက်ဆုပ်ကာ ရို့သွားတာကြောင့် မှိုင်းမကျေနပ်စွာ လက်ကိုပြန်ရုတ်သိမ်းလိုက်သည်။တကယ်ကို မာနမိုးထိကြီးတဲ့ သုရှင်ယွန်းဟုသာ မှိုင်းစိတ်ထဲတေးမှတ်လိုက်၏။

ယုံကြည်ခြင်းနဲ့ စိမ်းတဲ့လူ🚨{A stranger to faith}(completed)Where stories live. Discover now