Episode -10☯(Love pleasure)❗❗

9K 161 9
                                    


ဒီရက်ပိုင်းအတွင်း သုရှင်အပေါ် ကွန်း ဆက်ဆံပုံတွေကပြောင်းလဲလာသည်။သုရှင်ကိုကြည့်တဲ့မျက်ဝန်းတွေက နူးနူးညံ့ညံ့ရှိလာပြီး နွေးနွေးထွေးထွေးလဲ ဆက်ဆံလာပြန်သည်။သုရှင်အခုလိုအဖြစ်အပျက်တွေက အိမ်မက်တခုလိုပင်..အခုလဲ သုရှင်နား အပျောက်မခံပဲတောက်တဲ့လိုကပ်နေသယောင်တောင် ထင်ရသ​ည်မို့ သုရှင် ပြုံးမိသည်မှာလဲ အခါခါ...ကွန်းက ဒယ်ဒီလုပ်ငန်းတွေကိုပါ လေ့လာချင်တယ်ဆိုရျ် ဒယ်ဒီအလုပ်သွားတိုင်း သူပါလိုက်လိုက်သွားသည်လေ။အခုလဲ ကုမ္မဏီမှ စာရင်းဇယားများကို လုပ်နေသည်မို့  သုရှင်သူ့အတွက် မအိပ်ခင် နွားနို့ခွက်လေးကိုဝင်လိုက်ကာ အခန်းအတွင်းသို့ဝင်လိုက်သည်။

"ကွန်း..သုရှင် နွားနို့ယူလာတယ် သောက်လိုက်ဦးနော်..."

သုရှင် ထိုသို့ပြောတော့ အမျိုးသားလေးက laptop ကိုနိပ်နေရာမှ တချက်ကြည့်လာသည်။

"ကိုယ့်နားကို လာပေးလေ သုရှင်...."

သုရှင် ရပ်ရာပြောနေသည့်နေရာလေးက ကွန်းနဲ့ဝေးနေသည်မို့ သူ့နားခေါ်ပြန်တော့ သုရှင် ခုတင်ပေါ်ထိုင်နေသည့်သူ့ဘေးမတ်တပ်ရပ်လိုက်ကာ ခွက်လေးကိုထိုးပေးပြန်သည်။

"ကိုယ် နွားနို့မကြိုက်တော့ဘူးးး....."

"ရှင်....."

"မင်း နို့ကိုပဲကြိုက်တယ် အဟက်....."

သုရှင် မာမီတို့ကို ကွန်းကြိုက်တာသေချာမေးပြီးမှယူခဲ့တာကို မကြိုက်တော့ဘူးဆိုတော့ ရင်ထဲပြာသွားတာ အခုဒီလူဆိုးက သုရှင် ဘေဘီတွေကိုကြည့်ကာ ခပ်တိုးတိုးပြောနေသည်တဲ့။

"မဟုတ်တာတွေမပြောနဲ့ ရော့...ဒါ...ဒါပဲသောက်..."

"အဲ့ဆို ဒါအရင်သောက်မယ်နော်....."

ကွန်း ဟက်ခနဲတချက်ရယ်ရင်း သုရှင်လက်မှနွားနို့ခွက်လေးကိုယူကာ ခွက်ကိုတဆုံး​မော့ချပစ်လိုက်သည်။

"ကောင်းလား ကွန်းး...."

"မင်းလောက်မကောင်းဘူးးးကိုယ့်နို့သောက်လို့မဝသေးဘူး အချစ် လာခဲ့..."

"အမေ့......"

ကွန်း လက်ရဲဇက်ရဲဖြင့် သုရှင်ခါးလေးမှဆွဲလိုက်တော့ သုရှင်မတ်တပ်လေးပင်သူ့နားနီးကပ်သွားရသည်။သူကတော့ သုရှင်ခါးလေးကို သူရင်ဘတ်နားကပ်ထားကာ သုရှင် မျက်နှာလေးကို ထိုင်နေရက်ကာ မော့ကာကြည့်နေပြန်သည်။

ယုံကြည်ခြင်းနဲ့ စိမ်းတဲ့လူ🚨{A stranger to faith}(completed)Donde viven las historias. Descúbrelo ahora