♠Episode -2♠(the beginning of hate)

11.9K 192 1
                                    

သုရှင်နဲ့ပါးပါး လေယဥ်ကွင်းတွင် ကိုကို့ကိုစောင့်ကာကြိုနေခြင်းပင်။ကိုကိုက စင်္ကါပူတွင်ကျောင်းသွားတက်ကာ ခုမှပြန်ရောက်လာခြင်း။သုရှင်လဲ ကိုကိုနှင့်မတွေ့ရတာကြာပြီမို့ အခုလိုပြန်လာမှာသိတော့ အရမ်းပျော်နေရသည်။သုရှင်တို့စောင့်နေတုန်း လေယဥ်ကွင်းသို့လေယာဥ်တစီးဆိုက်ရောက်လာသည်ကိုတွေ့လိုက်ရသည်။မြင်ရပါပြီ သုရှင်ရဲ့ကိုကို လေယာဥ်ပေါ်မှ styleကျစွာဆင်းလာရင်း ပုံစံကတော့လူငယ်ဆန်သည်။အသားလဲပိုဖြူလာပုံရကာ အရပ်အမောင်းကောင်းသော ကိုကိုကြောင့် သုရှင်ပြုံးမိသည်။ကိုကိုလဲ ပြန်လာပြီမို့ ပါးပါးလဲအလုပ်လုပ်ရမှာသိပ်ပင်ပန်းမှာမဟုတ်တော့....

"oh..my son.."

ဦးဥာဏ်မင်းထင် သော်ကမင်းထံပြေးသွားရင်းဖက်လိုက်တော့ သော်က ပြုံးနေ၏။အမိမြန်မာနိုင်ငံ၏အငွေ့အသက်ကိုမရခဲ့တာကြာပြီမို့ တဝကြီးရူရိုက်ရင်း ဘေးနားမှ ညီမငယ်လေးသုရှင်ကိုပြုံးပြမိသည်။

"ကိုကို့...."

"အဟင်းးးညီမလေးကရော ကိုကို့ကိူမဖက်တော့ဘူးလား သုရှင်..."

သော်က လက်နှစ်ဖက်ကိုဆန့်တန်းရင်း သုရှင်ကိုကြိုလိုက်သည်။သုရှင်လဲ ကိုကို့ကို ပြန်ပြုံးပြလိုက်ရင်း ကိုကို့ကိုဖက်လိုက်တော့ ကိုကိုက ပြုံးနေလေရဲ့။အတန်ငယ် အာပေးတူးလေးကိုဖက်ပြီး သော်ကလွှတ်ပေးလိုက်သည်။သုရှင်ကအိမ်မှာအငယ်ဆုံးအဂျစ်ဆုံးလေးမို့ ပါးပါးရောသော်ကရောက သုရှင်အပေါ်အချစ်ပိုခဲ့ရသည်မလား။သောက ဟိုမှာသာနေပေမဲ့ သုရှင်အကြောင်းကိုအမြဲစုံစမ်းခဲ့သည်။ကြားတာတော့ အဂျစ်လေးက ချစ်သူရှိနေပြီပြောရဲ့။သုရှင်ရဲ့ချစ်သူ စည်းခြားမှိုင်းအကြောင်းစုံစမ်းကြည့်တော့လဲ အပစ်သိပ်မတွေ့တာမို့ သော်က ဘာမှဝင်မပါသေးပဲငြိမ်နေတာပင်....

"ကိုကို သုရှင် အတွက်လက်ဆောင်ပါလားးး..."

"အင်းးးကိုကိုမေ့လာတယ်ကွ.. "

"မပါဘူးလား ဟာ...တော်ပြီကွာ မခေါ်တော့ဘူးး...."

သော်က သုရှင်လေးကိုကြည့်ရင်း နှစ်ချိုက်စွာပြုံးနေမိရင်း ခေါင်းခါရမ်းလိုက်သည်။နောက် သုရှင်ဆံပင်လေးကိုဖွာလိုက်တော့လဲ သုရှင်ကလှည့်မလာပေ။

ယုံကြည်ခြင်းနဲ့ စိမ်းတဲ့လူ🚨{A stranger to faith}(completed)Where stories live. Discover now