Episode -11♥{Mistakes}🚨🚨🚨

11.6K 164 6
                                    


ကွန်းး သုရှင်လက်ကိုအကြမ်းပတမ်းဆွဲကိုင်ကာ စားသောက်ဆိုင်ထဲမှခေါ်ထုတ်လာရင်းကားထဲသို့ အကြမ်းပတမ်းဆွဲထည့်နေတာ ခနကမော်ကွန်းရောင်ချီပုံစံနှင်​့နည်းနည်းလေးမှမတူပါ။ကားစီယာတိုင်ကို ကြမ်းတမ်းစွာမောင်းနှင်ရင် အံ့ကိုတင်းနေအောင်ကြိတ်ထားသည်မို့ မေးရိုးများပါထောင်နေပြီ။သူ ဘာလို့အဲ့လောက်ဒေါသတွေထွက်နေရတာလဲ ရှင်ကလေ အခုလိုပုံစံနဲ့မလိုက်ဘူးးသိလားး....

"တောက်...."

ကွန်း တောက်တချက်ခေါက်လိုက်ရင်းးးကားကိုအမှောင်ကျနေသောသစ်ပင်ကြီးအောက်သို့ထိုးရပ်ပစ်လိုက်သည်။ကွန်းလိုလူက သဘောကောင်းရင်လဲကောင်းသလောက် ဒေါသထွက်လာပြီဆိုလဲ တအားသွေးဆိုးးတတ်သည်။ဘေးကသုရှင်ကတော့ ကွန်းကိုကြည့်ကာ ခန္ဓကိုယ်လေးကိုကျုံနိုင်သလောက်ကျူံပစ်လိုက်မိသည်။သူအရမ်းဒေါသထွက်ရင်သွေးဆိုးးတတ်တာသုရှင်အသိဆုံးမို့.....

"မင်း ပြော.....အဲ့ကောင်ကဘယ်လိုမင်းနဲ့ရှိနေတာလဲ!..."

"သုရှင်....ဘယ်သိမလဲ....သူလဲ...သုရှင်တို့လိုတခုခုလာစားတာဖြစ်မှာပေါ့...."

"မင်းးစောက်အဓိပ္ပါယ်မရှိတာတွေမပြောနဲ့သုရှင်ယွန်းးးးအညှီရှိလို့ယင်ကောင်လာတာ....မင်းသူနဲ့အဲ့မှာချိန်းထားတာမလားး....!"

"မော်ကွန်းရောင်ချီ...နင်ငါ့ကိုမယုံကြည်သလိုလာမပြောနဲ့....ငါကဘာကိစ္စသူ့ကိုချိန်းရမှာလဲ....."

သုရှင် အတော်ဒေါသထွက်ပါသည်။ကွန်းပြောပုံက...သုရှင်ကပဲသူ့နောက်ကွယ်မှာစည်းခြားမှိုင်းနှင့် ပတ်သတ်နေသလိုပင်။စည်းခြားမှိုင်းနှင့်မတွေ့တာတောင် သူနဲ့လက်မထပ်ခင်ကနောက်ဆုံးပင်....

"အဟင်းးးမသိနိုင်ဘူးလေ မင်း တို့ငါနောက်ကွယ်မှာဖောက်ပြန်နေကြတယ်ဆိုဘလိုလုပ်မလဲ ဟမ်....အခုလဲအဲ့ကောင်ရောက်လာတာငါမရှိတဲ့အချိန်မှာလေ....ငါသာမရောက်လာသေးရင်.မင်းတို့ဘယ်ထိ...အလွမ်းသယ်နေကြမလဲဆိုတာမသိနိုင်ဘူးမလားးး....."

"ဖြန်းးးး"

"နင်ငါ့ကိုတအားစော်ကားလွန်းနေပြီ မော်ကွန်းရောင်ချီ....အေးးငါကနင်ထင်နေတာတွေကို မဟုတ်ပါဘူးးဆိုပြီးးထူးမပြောနေချင်ဘူးးဘာလို့ဆိုပြောစရာကိုမလိုလို့....နင်ငါ့ကိုတော်ရုံပဲသိက္ခာချစမ်းပါ...နင်ငါ့ကိုမယုံဘူးမလားးမယုံနဲ့ဘာမှမဖြစ်ဘူး.... "

ယုံကြည်ခြင်းနဲ့ စိမ်းတဲ့လူ🚨{A stranger to faith}(completed)Donde viven las historias. Descúbrelo ahora