Chapter 1

28.5K 583 27
                                    

{Uni}

👨‍💼 ချစ်ရပါသော ရှေ့နေလေး👨‍💼

Chapter~1

ဒိုင်း

"အား...."

ဆိုတဲ့အသံနဲ့အတူ သူလက်မောင်းထဲကိုဝင်ရောက်လာတဲ့ကျည်ထောင့်။သူရဲ့ အားဆိုတဲ့အသံကိုကြားတယ်ဆို အရှေ့ကကားမောင်းနေတဲ့ Hကသူ့ကို လှည့်ကြည်သည်။

" Mine အဆင်ပြေရဲ့လား လုပ်ကြံသူတွေရှိတယ် ကျွန်တော်နီးစပ်ရာဆေးရုံကို မောင်းပေးမယ် မသေနဲ့ဦး သူတို့ကို မျက်ခြေဖျက်လိုက်ဦးမယ်"

သူထိတာကလက်မောင်းလေးတင်ကို သေမင်းဆီအရောက်ပို့နေတဲ့ သူလက်ထောက် ကြောင့် သက်ပြင်းချလိုက်မိသည်။သူ့စေရာ ဆို တဲ့သူက အထက်တန်းရှေ့နေတစ်ယောက်။သူ့က UK မှာမွေးတာမဟုတ်ပင်မဲ့ ငယ်ငယ်ကတည်းက UK မှာသာ ကြီးပြင်းခဲ့ရသည်။မိဘနှစ်ပါးကနိုင်ငံမတူ လူမျိူးမတူတဲ့သူတွေဖို့ သူနာကျင်မူဆိုတာမသိရသေးခင်အရွယ်ကတည်းကနာကျင်မူဆိုတာကို ခံစားခဲ့ရသည်။မိခင်ဖြစ်သူက မွေးရပ်ဇာတိမြေဖြစ်တဲ့ မြန်မာပြည်ကို သူကိုလှည့်မကြည့်တမ်းထွက်သွားခဲ့ပြီးနောက် Oliver ကလည်း အဖေတစ်ယောက်အမည်သာခံထားသည်။

"Mine !! Mine!!"

H အတွေးလွန်နေတဲ့ Mine ကို အော်ခေါ်လိုက်မှ သူကိုကြည့်လာတဲ့အကြည့်က လန့်စရာ...။

"ဆေးရုံရောက်ပြီ ဆင်းလို့ရပြီ"

သူကို အော်ပြောပြီးမှ သူပြန်ကြည့်လိုက်တယ်ဆို သူ့ကိုတံခါးဖွင့်ပေးကာ မျက်နာချိူသွေးနေတဲ့ကောင်ကို တစ်ချက်မျက်လုံးလှန်ကြည့်ပြီး ဒဏ်ရာရနေတဲ့ လက်မောင်းကိုဖိကာဆင်းလိုက်သည်။

သူ Hနဲ့အတူတူ အဆင့်မြင့်ဆေးရုံထဲဝင်လာလိုက်ပြီး တစ်နေရာရောက်တယ်ဆို သူတစ်ဘဝလုံး တစ်ခါမဖြစ်ဘူးတဲ့ သူ့စိတ်ကိုညှို့ယူလိုက်တဲ့ Coat အဖြူရောင်လေးကို လက်ပေါ်တင်ထားကာ လည်ပင်းမှာလည်းနားကြတ်ကိုချိတ်ထားတဲ့ ချစ်စရာကောင်မလေး။

"H ငါ့ဆီအဲဆရာဝန်မ လွှတ်ပေး!"

ပြောပြီးသူ့အိမ်သူ့ရာလို VIP အခန်းဘက်ကို ထွက်သွားတဲ့ Mine ကို H အပြင်မှာတော့ထုတ်မပြောရဲ ပင်မဲ့ စိတ်ထဲမှာတော့....

🖤DEAR LAWYER~ချစ်ရပါသော ရှေ့နေလေး🖤Where stories live. Discover now