13

811 60 11
                                    

Unicode

‌လူသူတစ်‌ယောက်စ၊နှစ်ယောက်စရှိပေမဲ့
သိသိသာသာ‌ခြောက်ကပ်နေတဲ့ လူသွားလမ်းလေးက ကျွန်တော်နဲ့ ကျွန်တော့်ရဲ့အရှေ့ကနေ
ခပ်ဖြည်းဖြည်းချင်းလျှောက်သွားနေ‌တဲ့Minကို ပျက်ရယ်ပြုနေသလိုပဲ ..

အခုလိုမျိုး နောက်ကနေ ခပ်ခွာခွာ
တိတ်တဆိတ်လိုက်လာမိတဲ့ ကျွန်တော်က
ကျွန်တော်လုပ်ခဲ့တာတွေနဲ့ထပ်တူ သူရဲဘောကြောင်တာကို ဝန်ခံပါတယ် Min။

ဒီလိုခြေလှမ်းအကွာအဝေးက
သေးငယ်ပေမယ့် ဘာလို့မှန်းမသိ
အများကြီး ‌အလှမ်းဝေးနေတာပဲ ..

ဒယိမ်းဒယိုင်ခြေလှမ်းတွေဟာလည်း
ကျွန်တော့်ရင်ဘတ်နဲ့ ထပ်တူ‌ကျနေသလိုပါပဲ..

အရှေ့ကလူသားငယ်ဟာ ငါနဲ့ ဘာမှ မသက်ဆိုင်ဘူးရယ်လို့ စိတ်ထဲထပ်တလဲလဲ
ရေရွတ်မိနေပေမယ့် နှလုံးသားကတော့ ဆန့်ကျင်ဖက်ကို ပြောနေတော့တာပါပဲ Minရယ်..

အချိန်တန်ရင်
အားလုံးအဆင်ပြေသွားမှာပါလို့ တွေးနေပေမယ့်
ချိနဲ့နဲ့ရင်ဘတ်က ဆက်တိုက်ဆိုသလို နာကျင်မှုတွေကို ဖော်ပြဟန် တဆစ်ဆစ်ပါပဲ ...

တိုက်ခန်းတံခါးကို အားမရှိစွာနဲ့ ဖွင့်ဝင်သွားတဲ့ Minရဲ့နောက်ကျောငယ်ကို ကြည့်ရင်း
ကျလာတဲ့မျက်ရည်တွေကို
မသိချင်ဟန်ဆောင်လိုက်မိသေးတယ်...

ကြည့်လေ..
ကျွန်တော် သရုပ်ဆောင်တာ သိပ်တော်နေတာပဲ..

အဲ့ဒီလိုမျိုး ဟန်ဆောင်ခြင်းအနုပညာမှာ
ကျွန်တော်နဲ့ Minရဲ့လွဲမှားခဲ့ခြင်းတွေ ထပ်ထည့်ပြီး ဆက်သရုပ်ဆောင်ကြည့်မယ် Min..

ဘယ်သူ ပိုနာကျင်ရမလဲဆိုတာကတော့
ဇာတ်သိမ်းမှ ကြည့်ကြတာပေါ့ မဟုတ်ဘူးလား?

တိုက်ခန်းရဲ့အရှေ့နားမှာပဲ စိတ်ပျက်လက်ပျက်
ထိုင်ချရင်း အသက်ရှူထုတ်ရှုသွင်းလုပ်ကြည့်တယ်။ စည်းချက်မညီတဲ့ ရင်ဘတ်အနိမ့်အမြင့်က အောင့်သက်သက်နဲ့ အဆင်မပြေပါဘူး Minရယ် ..ကျွန်တော် သိပ်စိတ်ညစ်တာပဲ။

*****

ထိုစဉ်မှာပင် တိုက်ခန်းအတွင်းကနေ
ဘာမှန်းမသိတဲ့အသံကျယ်တစ်ခုကြားလိုက်ရတာကြောင့် Jungkook နေရာမှထကာ အလောတကြီး လျှို့ဝှက်နံပါတ်နှိပ်ရင်း
အတွင်းကို ပြေးဝင်သွားမိသည်။

You've reached the end of published parts.

⏰ Last updated: Mar 16, 2023 ⏰

Add this story to your Library to get notified about new parts!

SILENCE [KOOKMIN]Where stories live. Discover now