11

2.3K 316 40
                                    

* လွန်ခဲ့သော ရက်အနည်းငယ်ခန့်က *

"Jungkook shi
ကျွန်မတို့ တွေ့ကြမယ်လေ "

ဖုန်းတစ်ဖက်က Hyemi အသံကို နားထောင်နေရင်း ကျွန်တော် တိတ်တဆိတ်
သက်ပြင်းချလိုက်တယ် ..
ပျင်းတိပျင်းရွဲအသံကို မသိသာစေဖို့ရာ ကြိုးစားလိုက်ရင်း ပြန်ဖြေလိုက်တယ် ..

"ဟုတ်ကဲ့ "

"ဘယ်မှာတွေ့ရင် ကောင်းမလဲ ?

"Hyemi သဘောပါ "

"ပြီးတော့လေ ဟိုတစ်ခါက မိတ်ဆက်ပေးတဲ့
Jimin shi ကိုလည်း တွေ့ချင်မိသေးတယ် "

Hyemi စကားကြောင့် ကျွန်တော့်မျက်ခုံးတို့ ပင့်တက်သွားပြီး လေသံကလည်း သိသိသာသာ တင်းခနဲ ဖြစ်သွားရတယ် ။

" ဘာကြောင့်လဲ !? "

"ဒီတိုင်း တစ်ခါ ထပ်တွေ့ချင်မိလို့ .. သူက တကယ် ချစ်ဖို့ကောင်းတာနော် ..
မိန်းကလေးတွေဆို ပစ်ကြွေလောက်မှာ ..
အာ .. မိန်းကလေးတင် ကြွေတာ မကလောက်ပါဘူးလေ .. ပြီးတော့ သူ့အသံလေးလည်း ဘယ်လိုဖြစ်မယ်ဆိုတာ သိပ်သိချင်တာပဲ .. "

"Kang Hyemi !! "

သိသိသာသာ မာကြောသွားတဲ့ လေသံကြောင့်
ကျွန်တော်ကိုယ်တိုင် အံ့သြသွားမိတယ် ..

အဲ့ဒီလိုမျိုးတွေ မပြောနဲ့ မကြိုက်ဘူး ။
Min အကြောင်းကို သူမ နှုတ်ဖျားက ထွက်လာတာကိုလည်း မုန်းတယ် ..

"သူ  .. သူက မင်းကို မတွေ့ချင်လောက်ပါဘူး .. "

"ဟင် ?? ဘာလို့ !? "

ဘာတွေ ပြောနေမိမှန်းမသိတဲ့ ကိုယ့်ပါးစပ်ကိုလည်း မယုံနိုင်မိပြန်ဘူး Min ..

"သူ အခုတလော မအားဘူးလေ .. "

"ဟာ .. သူ အားမှ တွေ့မှာပေါ့ ..
ကျွန်မတို့ စေ့စပ်ပွဲနေ့တောင် လိုသေးတာပဲကို ဒီကြားထဲ အချိန်တွေ ရှိပါတယ် "

" ... "

"ဒါနဲ့ ဘာလို့လဲ !?
ကျွန်မနဲ့ သူနဲ့ တွေ့မှာကို Jungkook shi က
မကြိုက်ဘူးလား !? "

"အဲ့ဒီလို မဟုတ်ပါဘူး "

အမှန်အတိုင်း ပြောရရင် မကြိုက်ဘူး ..
Hyemi ဆိုတာ အတော်လေး ရဲတင်းတဲ့
အမျိုးသမီးလေ ..
ပထမတစ်ခါ မိတ်ဆက်ပေးတုန်းကလည်း
ကျွန်တော်ကိုယ်တိုင် စကားစ မြန်မြန်ဖြတ်ပြီး
Min အရှေ့ကနေ ဖယ်ထုတ်ခဲ့တာ ..

SILENCE [KOOKMIN]Where stories live. Discover now