10

2.2K 318 12
                                    

ကျွန်တော် ပြန်သွားခဲ့တယ် ..
အဲ့ဒီရက်က Min ရဲ့ မွေးနေ့ပြီးသွားပြီး တစ်ပတ်အကြာလောက်မှာ ဖြစ်မယ်ထင်တယ် ..

အရမ်းကို သတိရနေခဲ့တာ ..

အရာအားလုံးကို မှတ်မိပြီးနောက်မှာ
သေမတတ် နာကျင်နေတဲ့ နှလုံးသားဟာ
အနာကျက်ဖို့ လွယ်ကူမှာ မဟုတ်ဘူးဆိုတာကို ကျွန်တော် သတိထားမိတယ် ..

ကျွန်တော့်ကြောင့် Min ရဲ့ အသံတွေ
ပျောက်ဆုံးခဲ့ရတယ် ..
ကျွန်တော့်ကြောင့် Min ရဲ့ အနာဂတ်တွေ ပျက်သုဉ်းခဲ့ရတယ် ..
ကျွန်တော့်ကြောင့် Min ရဲ့ နှလုံးသားတစ်ခုလုံး မွစာကြဲခဲ့ရတယ်လေ ..

အရင်ကတည်းက ကျွန်တော်သာ မှတ်မိခဲ့ရင်
ဒီလိုတွေ ဖြစ်လာမှာ မဟုတ်ဘူးထင်ပါရဲ့ ။
အမှားကျူးလွန်မိသူဟာ ကျွန်တော်ပဲ ..
ဒါကြောင့် အပြစ်အနေနဲ့
အိမ်မက်ဆိုးတွေက အခုမှ အမှန်တကယ်
ဖြစ်လာတယ်ထင်တယ် ..

ဒီအတောအတွင်း အရက်ကိုသာ အဖော်ပြုနေခဲ့ပေမယ့် အဲ့ဒါဟာ ကျွန်တော့်ဒဏ်ရာကို မသက်သာစေနိုင်တာကို သိလိုက်ရတယ် ..

"ကျွန်တော့်ပစ္စည်းတွေ လာယူတာ "

ခပ်ပြတ်ပြတ်စကားတစ်ခွန်းနဲ့အတူ
ကျွန်တော့်အခန်းဖက်ဆီ ချာခနဲ လှည့်ထွက်ခဲ့တယ် .. Min ရဲ့ အနည်းငယ် ချောင်ကျနေတဲ့မျက်နှာလေးကို စက္ကန့်ပိုင်းလောက်တော့ သူ မရိပ်မိအောင် ကြည့်လိုက်မိသေးတယ် ..

အရင်က ကြယ်ရောင်တောက်တောက်
မျက်ဝန်းတွေက အခု သိသိသာသာ အရောင်မှိန်နေတယ် ..
မျက်ရည်ဥတို့တောင် ဝေ့သီနေသလိုလိုပဲ ..

မလုပ်ပါနဲ့ .. Min ရယ် ..
အပြစ်ရှိသူက ကျွန်တော်ပါ ...

ဆို့တက်လာတဲ့ ခံစားချက်ကြီးကြောင့်
အထဲရောက်တော့ အခန်းတံခါးကို ခဏတာ ကျောမှီထားမိတယ် ..

အတန်ငယ်မျှ အသက်ကို ရှူသွင်းရှူထုတ်လုပ်ပြီးနောက်မှာ
အဝတ်တွေ ထည့်ထားတဲ့ ကျောပိုးအိတ်ကို မွှေ့ယာပေါ် ပစ်တင်လိုက်တယ် ...

ကျောပိုးအိတ်ထဲက လည်ဆွဲလေးကို
ဆွဲထုတ်ယူလိုက်ပြီး ရင်ဘတ်မှာ ခဏကြာ
အပ်ထားလိုက်တယ် .. ပြီးတော့ အဝါရောင်စာအုပ်ကြားလေးထဲ
ညှပ်ပြီး စားပွဲပေါ်က ကျွန်တော့်ရဲ့ folder တွေ အထပ်လိုက်ကြားထဲ ထည့်ထားလိုက်တော့တယ် ...

ကျွန်တော် အပြင်ပြန်ထွက်လိုက်တော့ Min ဟာ အဲ့ဒီနေရာမှာ ထိုင်နေတုန်းပဲ ..
Min ခေါင်းကို ဖိနှိပ်နေတဲ့ မြင်ကွင်းကို
ဆိတ်ဆိတ်နေရင်း ငေးနေမိတယ် ..

နာကျင်နေသလား Min ..
တောင်းပန်ပါတယ် ..

ဒါပေမဲ့လေ ဒီနေ့တော့ ကျွန်တော် ပြောစရာ ရှိတာကို ပြောရမယ်မဟုတ်လား ..

ဒါကြောင့် Min ရဲ့ ရှေ့မှောက်မှာ  ရပ်လိုက်တယ် ..
ခေါင်းငုံ့ထားဆဲဖြစ်တဲ့ Min ရဲ့ ဆံပင်တွေဆီကို လက်လှမ်းလိုက်မိတယ် ..
ဒါပေမဲ့ မော့ကြည့်လာတော့မယ့် Min ကြောင့်
လေထဲ ရပ်တန့်သွားတဲ့ ကျွန်တော့်လက်ချောင်းတွေကို ချက်ချင်း ပြန်ရုတ်လိုက်ရတယ် ..

မော့ကြည့်လာတဲ့ Min မျက်ဝန်းတွေအရ
Min ဟာ ကျွန်တော့်ကို ထိတ်လန့်နေတဲ့ပုံပဲ ..
ဟုတ်မှာပေါ့လေ .. ဘာမဆိုင် ညာမဆိုင်နဲ့ ဝုန်းဒိုင်းကြဲထားမိတာကိုး ..

Min ကသာ ကြောက်နေမှာ ..
ကျွန်တော့်မှာတော့ အကြည့်ချင်း တစ်ချက် ဆုံသွားတာကိုတောင် ဟောဒီထဲက နှလုံးသားက ကဆုန်ပေါက်နေတယ် ..
ကျွန်တော်တော့ ရူးနေပြီ ထင်ပါရဲ့ Min ..

" .. ကော်ဖီ သွားသောက်ရအောင် .. "

ပြောချင်တာကို ပြောပြီးနောက်မှာ Min ရဲ့ အရှေ့ကနေ လှည့်ထွက်ခဲ့ပြီးတော့ တိတ်တဆိတ်နဲ့ အကျီင်္ရင်ဘတ်ကို ဆုပ်ကိုင်ထားမိတယ် ..
အနောက်က ကပ်ပါလာတဲ့ ခြေသံတိုးတိုးအရ
Min လိုက်လာတာ အသေအချာပဲ ..
နှလုံးသားစည်းချက်ကလည်း
နာကျင်နေတာတွေကိုတောင် ကျော်လွန်ပြီး
တဒုတ်ဒုတ် ခုန်လှုပ်နေလေရဲ့ ..

* * * * *

SILENCE [KOOKMIN]Where stories live. Discover now