Chapter (30) လုပ်ကြံသတ်ဖြတ်သူများနှင့် တစ်ညတာ

433 46 0
                                    

Chapter (30) လုပ်ကြံသတ်ဖြတ်သူများနှင့် တစ်ညတာ

*******

“ဟမ် . . .”

ရဲရှောင် အံ့သြမိသွားလေသည်။ သူ၏ မျက်လုံးများ ဖွင့်လိုက်သောအခါ စုယဲ့ယွဲ့သည် သူ့အနားတွင် မရှိတော့ပေ။ သို့သော် အပြင်ဘက်မှ သူမ၏ အသံသဲ့သဲ့လေးအား ကြားလိုက်ရသည်။

“လာ . . .  ဆိုယာလေးရေ . . . သွားကြစို့။ ပလီပလာတွေ ပြောနေတဲ့ ဒီလူကြီးရဲ့ အိမ်ကနေ အမြန်ပြန်ကြစို့  . . .”

(မှတ်ချက် ။      ။ ဆိုယာ ဆိုသည်မှာ ယဲ့ယွဲ့၏ အချစ်တော် ခွေးလေးပင် ဖြစ်သည်)

သူမ၏ ရင်ခုန်သံများမှ ထွက်ပြေး လွတ်မြောက်ရန်အတွက် ရဲရှောင်၏ အနားမှ ကိုယ်လွတ်ရုန်း ထွက်သွားခြင်းပင်။

ထို့နောက် ရဲရှောင်သည် အစောင့်များ၏ စကားပြောသံများအား ကြားလိုက်ရသည်။ သို့သော် မည်သည့်အကြောင်းအရာများ ပြောနေသည်ကိုမူ သူမသိပေ။ ထို့နောက် အစောင့်များ၏ စကားပြောသံများ တိတ်ဆိတ်သွားခဲ့ပြီး ပတ်၀န်းကျင် တစ်ခုလုံးသည် အပ်ကျသံ မကြားရလောက်အောင် တိတ်ဆိတ်ငြိမ်သက်သွားခဲ့သည်။

“ငါ . . . ဘာများပြောမိလို့လဲ။ ပလီပလာလည်း ငါ ဘာမှ မပြောမိပါဘူး . . . ”

ရဲရှောင် သူ၏ ခေါင်းအား ကုပ်လိုက်ရင်း တီးတိုးရေရွတ်ပြောဆိုလိုက်သည်။

“သူ ဘာလို့ ရှက်တဲ့ အမူအယာမျိုးနဲ့ ရုတ်တရက် ထပြန်သွားရတာလဲ။ ငါသူ့ကို ဘာများ ပြောမိလို့လဲ”

ရဲရှောင် စဉ်းစား၍ မရနိုင်အောင်ပင် စိတ်ရှုပ်ထွေးသွားရင်း တစ်ကိုယ်တည်း ရေရွတ်ပြောဆိုလိုက်မိသည်။

“ဪ  . . . မိန်းမတွေ . . . မိန်းမတွေ . . . သူတို့ရဲ့ စိတ်က အတော်ကို ခန့်မှန်းရခက်တာပဲ . . .”

ခဏအကြာတွင် အိမ်တော်ထိန်းသည် အလောသုံးဆယ်အမူအယာဖြင့် ရောက်လာခဲ့သည်။ ရဲရှောင်၏ အနားတွင် စုယဲ့ယွဲ့မရှိတော့သည်ကို တွေ့လိုက်ရ၍ စိတ်သက်သာရာရသွားပြီး မျက်စိပျက် မျက်နှာပျက်စွာဖြင့် ပြောလိုက်၏။

“သခင်လေး . . . မူမျိုးနွယ်စုကလူတွေ မြို့တော်ရဲ့ ၀င်ပေါက်ဂိတ်မှာ ရောက်နေကြပြီ။ အခု လောလောဆယ်ဆယ်တော့ တောင်ဘက်ဂိတ်မှာ သူတို့ ယဇ်ပူဇော်ပွဲ ကျင်းပနေကြတယ်။ လူတွေပြောနေကြတာတော့ သူတို့တွေ အလံအဖြူ (၇၇)တိုင် နဲ့ အနီရောင်အလံ (၂၂) တိုင်ကို ကိုင်ပြီး လာကြတယ်တဲ့”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now