Chapter - 102 ရန်သူ

320 27 0
                                    

Chapter – 102 ရန်သူ

ရဲရှောင်သည် သူ့လက်တစ်ခုလုံး အသားတုံးကြီး တစ်ခုအတွင်းသို့ အစာသွပ်လိုက် သကဲ့သို့ ခံစား လိုက်ရသည်။

၀မ်ဇန်းဟိုသည် ပါးစပ်နားရွက် တက်ချိတ်မတတ် ပြုံးရယ်နေပြီး တစ်ကိုယ်လုံးသည် တုန်ရီ နေလေ၏။ သူ၏ ပခုံးပေါ်ရှိ အသားစိုင်ကြီးများသည်လည်း လှုပ်ခါလျက် ရှိနေပြီး ကြည့်ရသည်မှာ တကယ် အန်ချင်စရာပါပင်။

ရဲရှောင်သည် ထူးဆန်းသော အမူအယာဖြင့် -

“ခင်ဗျားက ဒီရက်ပိုင်း ကိုယ်ရည်စစ် သွားတယ် ဟုတ်လား . . .”

သူ့စိတ်ထဲ ပြောစရာ စကား ရှာမရအောင်ပင် ဆွံ့အ နေမိလေ၏။

(ခင်ဗျား ကိုယ်ရည်စစ် သွားတာတောင် ဒီလောက် ဝနေရင် . . . ဘယ်လိုတောင် ဒီစကား ပြောထွက်ရတာလဲ . . .)

“အိုး ဟိုးဟိုး . . . ဆရာကြီး၀မ် သူဌေး၀မ် . . . တွေ့ရတာ ၀မ်းသာပါတယ် . . .”

ရဲရှောင် ရုတ်တရက် ထပြောလိုက်သည်။ ထိုအချိန်တွင် ပါးစပ်အား လက်ဖြင့် ခပ်ကြမ်းကြမ်းလေး ပင့်၍ ရိုက်ထည့်လိုက်ပြီး ဖြစ်၏။

ထိုကဲ့သို့ လုပ်လိုက်ခြင်းမှာ အံ့သြလွန်း၍ ပါးစပ်အဟောင်းသား ဖြစ်သွားကာ အဆစ်လွဲသွားသဖြင့် ပြန်တည့်လိုက်ခြင်း ဖြစ်လေ၏။

ရှောင်ဧကရာဇ်သည် နှစ်ဘ၀စာ မှတ်ဉာဏ် ရှိနေသော လူတစ်ဦး ဖြစ်သည့်တိုင် ယခုအကြိမ်သည် သူ့ဘ၀တွင် အကြီးမားဆုံး အရာကြီးကို မြင်တွေ့လိုက်ရခြင်းပင် ဖြစ်၏။ ထိုအရာကြီးမှာလည်း အံ့သြဖွယ်ရာ လူသားတစ်ဦး ဖြစ်နေပြန်ပါသည်။

ထို့ကြောင့် ထိုလူကို မြင်ကတည်းက ပါးစပ်အဟောင်းသားဖြင့် ပွင့်၍ နေသဖြင့် မေးရိုးလွဲသွားခြင်း ပင် ဖြစ်၏။

ထို့ကြောင့် အလျင်အမြန်ပင် ပါးစပ်ကို လက်ဖြင့် အုပ်လိုက်ပြီး ပြန်တည့်လိုက်ရလေ၏။

၀မ်ဇန်းဟိုသည် ရှောင်ဧကရာဇ်အား ယခုကဲ့သို့ အခြေအနေမျိုး ဖြစ်အောင် လုပ်နိုင်သည့် ပထမဆုံး လူတစ်ဦးပင် ဖြစ်လေသည်။

ရဲရှောင်လည်း ပါးစပ်ကို ပြင်ပြီးသည်နှင့် ထိုကဲ့သို့ ပြောမိပြောရာ ပြောလိုက်ခြင်း ဖြစ်သည်။ ထိုကဲ့သို့ အထာမကျသဖြင့် “ဟဲဟဲ” ဟု ပြောလိုက်သော်လည်း “ဟိုးဟိုး” ဟု အသံထွက်သွားခြင်း ဖြစ်၏။

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now