Chapter - 148 "ဓားစာခံ"

296 22 0
                                    

မိုးကောင်းကင်အောက်မှကလဲ့စား

စာစဉ် - ၁၁

Chapter – 148

“ဓားစာခံ”

ရဲအိမ်တော်မှ သွေးသောက်ရဲမက်များသည်လည်း တုန်လှုပ်အံ့သြလျက် ပြေးလာကြသည်။

ဆောင်ဂျုမှ -

“သခင်လေးကို မထိကြနဲ့၊ သူ့အရိုးတွေ အကုန်လုံး ကျိုးနေပြီ။ ငါတို့သူ့ကို အမ မတော်ရင် ပိုဆိုးကုန်လိမ့်မယ်။ မြန်မြန် ဖယ်ကြစမ်း . . .”

“တင်စရာ တစ်ခုခု ရှာကြစမ်း၊ တံခါးပျဉ်ပြားဖြစ်ဖြစ် မြန်မြန် ယူခဲ့ကြ . . .”

ထိုအချိန် လူအုပ်ထဲမှ သက်လတ်ပိုင်းအရွယ် လူတစ်ဦး ခနဲ့တဲ့တဲ့ အသံဖြင့် -

“အရိုးအားလုံး ကျိုးကုန်ပြီ ဟုတ်လား . . . ကျုပ်ကတော့ မယုံဘူး၊ မြင်းစီးလာတုန်းကတောင် အကောင်းပဲဟာ၊ အခုမှ ရုတ်တရက် ဘယ်လိုဖြစ်ပြီး အရိုးတွေ အကုန်ကျိုးသွားရတာလဲ။ ဒါတိုက်ဆိုင်မှု ဆိုရင်တောင် တော်တော်ထူးဆန်းတဲ့ တိုက်ဆိုင်မှု တစ်ခုပဲ။ ဒီထက်ပိုပြီး ဆန်းတာလေး လုပ်စမ်းပါဦး . . .”

ဆောင်ဂျုလည်း ထိုစကားကို ကြားသောအခါ ဒေါသအကြီးအကျယ် ထွက်သွားပြီးနောက် ထိုလူ၏ လည်ပင်အင်္ကျီစကို ဆွဲမ၍ -

“ခွေးမသား . . . စောက်သူတောင်းစား . . . မင်း ကန်းနေတာလား၊ အခု ဒီမှာ ဘာတွေ ဖြစ်နေသလဲ ဆိုတာကို မမြင်ဘူးလား။ ဒီလိုကိစ္စကို ငါကနောက်နေတယ်များ ထင်နေတာလား။ မင်းရဲ့ စောက်မျက်လုံးကို ကျယ်ကျယ်ဖွင့်ပြီး သေချာကြည့်၊ ခွေးမသား . . . တော်တော် စောက်သုံးမကျတဲ့ ကောင် . . .”

ဆောင်ဂျုသည် အလွန်ကြမ်းတမ်းစွာ တုန့်ပြန်လိုက်ခြင်း ဖြစ်သည်။

ထိုလူသည် ခေါင်းမာဟန်ရှိပြီး သူသည်လည်း အိမ်တော်ထိန်း တစ်ဦးပင် ဖြစ်၏။ ဆောင်ဂျုနှင့် အဆင့်တူချင်း တာဝန်ထမ်းဆောင်နေတာ ဖြစ်သော်လည်း အခြေအနေချင်း များစွာကွာခြားလှသည်။ ဆောင်ဂျုကဲ့သို့ တိုက်ပွဲပေါင်းထောင်ချီ တိုက်ခိုက်ထားသော လူတစ်ဦးကို မည်သို့မျှ မယှဉ်နိုင်ပါချေ။

ထိုလူလည်း ချက်ချင်းပင် ပြေးထွက်သွားလေတော့၏။

“တောက် . . . စောက်သုံးကို မကျဘူး . . .”

မိုးကောင်းကင်အောက်မှကလဲ့စား (အတွဲ ၁) မိုးကောင်းကင်အောက်မှကလဲ့စားWhere stories live. Discover now