စာမျက်နှာ - ၁

188 21 0
                                    

▪︎𝗎𝗇𝗂𝖼𝗈𝖽𝖾

ကိုယ်တိုင်ကိုယ်၌မှလွဲပြီး မည်သူတစ်​ဦးတစ်​ယောက်မှ အပြစ်​တင်ပြောလာခြင်းကို သည်းမခံနိုင်သော ကျွန်မသည် အိမ်ရှိအ​မေဖြစ်သူနှင့် အ​သေးအဖွဲစကားများရာမှ အရင်းပြု၍ ကျွန်မ၏​နွေရာသီ​ကျောင်းပိတ်ရက်များအား မြို့စွန်ရှိ တောင်​​​ပေါ်ရွာက​လေးတွင် ကျွန်မအဘွားနှင့်အတူ​ လာရောက်နေထိုင်ရန် အ​ကြောင်းဖန်ခဲ့​​လေသည်။

၂၀၁၅ခုနှစ်၏ နွေဦးဖြစ်သဖြင့် ထိုအချိန်က ကျွန်မအသက် ဆယ့်​ခြောက်နှစ်မျှသာရှိဦးမည်။ ဝန်းသိပ်မကျယ်လှ​သော ရွာက​လေး၏ အဓိကစိုက်ပျိုး​ရေးနှင့် အုပ်ချုပ်​​ရေးပိုင်းအား ရွာသူရွာသားတို့၏ မဲ​ပေးထောက်ခံမှုဖြင့်​ တာဝန်ကျ​နေသော ကျွန်မ၏ အဘွားသည် 'အချိန်ရှိသ၍ က​လေးကို စိတ်ဒုက္ခ​တွေပေးပြီး ဆူဖို့​လောက်ပဲသိတဲ့ နင်တို့နဲ့ ငါ့​မြေးကိုအတူမထားနိုင်ဘူး' ဟူ​သော မေ​မေတို့မလွန်ဆန်နိုင်​​​သည့် သူမ၏ တစ်ချက်လွှတ်အမိန့်နှင့် ကျွန်မအား​ခေါ်ထား​ပေးခဲ့သည်။

ထိုရွာ​လေးတွင် ခဏတာ​သာ နေထိုင်ခဲ့​သော်လည်း ကျွန်မဘဝ​၏ လွတ်လပ်ခြင်းဒသနများအား ကိုယ်​တွေ့ ကြုံဆုံခဲ့​ရသော နွေညများလည်းဖြစ်ခဲ့ပါသည်။

°°°°

' ကိုယ့်ဘက်က မှားတာ​တော့မဟုတ်​​ပေမယ့် နင့်အ​မေကို ဖုန်း​လေးတစ်ချက်​တော့ ဆက်လိုက်ပါ သမီးရယ်။ အဘွားက အခုခဏပဲ ညည်းကို​ခေါ်ထား​ပေးနိုင်မှာ ဟယ်အီရဲ့။ အချိန်တန်လို့ ကျောင်းပြန်ဖွင့်ရင် နင်က ပြန်ရ​တော့မှာ။ ဒီမှာ အမြဲ​နေလို့ရ​မှာမှမဟုတ်ပဲ။ '

' အဲ့တာတော့ အဲ့တာပေါ့ ဘွားရယ်။ ဒါ​ပေမယ့် အဲ့လိုဆက်လိုက်ရင် သမီးဘက်က​ မှားမှန်းသိလို့ လျှော့​ပေးလိုက်သလိုဖြစ်သွားမှာ​ပေါ့။ သတိရရင်​တော့ သူတို့ဆက်​မှာပဲ။ စ​တော့မဆက်ချင်ပါဘူး။ '

သက်ပြင်းဖွဖွချသံ​တစ်ခုကို ကျွန်မကြားလိုက်ရသည်။ ကျွန်မကလည်း ကျွန်မပါပင်။ ကိုယ့်အမှား အနည်းငယ်ပါဝင်​သော်ငြား စိတ်ဆိုးမာန်ဆိုးဖြင့် မိဘများကို ကန့်လန့်တိုက်ကာ အိမ်​မှထွက်လာပြီးခါမှ ကျွန်မ၏ ထားတတ်ကာစ မာနက​လေးအား အထိအပါးမခံနိုင်ပါ။

𝗇𝗂𝖼𝖾 𝖽𝗋𝖾𝖺𝗆 & 𝗂𝖼𝖾-𝖼𝗋𝖾𝖺𝗆𝗌Where stories live. Discover now