စာမျက်နှာ - ၃

110 15 0
                                    

​▪︎𝗎𝗇𝗂𝖼𝗈𝖽𝖾

လေညာအရပ်မှ တိုက်ခတ်လာ​သော ည​နေခင်းလေ​ပြေများသည် ကျွန်မ၏ ဆံပင်များကြား၌ ကလူကျီစယ်ကာ တိုး​ဝှေ့​နေကြသည်။

နေသည် နောက်အရပ်သို့ ဝင်ပါ​တော့မည်။

အိမ်​ရှေ့မျက်နှာချင်းဆိုင် အခန်းက​လေးမှာတော့ အခုထိ မီးလင်းလာ​ခြင်း မရှိသေးပါ။

​နေ့လည် ကျောင်းမှ ပြန်လာသည့်အချိန်ကတည်းမှ ရုံးကို​တောင် အန်တီမီဂျာနှင့် အတူမလိုက်​တော့ပဲ အိမ်သို့သာပြန်ကာ သူအလာအား ထိုင်​စောင့်​နေမိသည်မှာ ယခုအချိန်အထိပင်ဖြစ်၏။
တကယ်​တမ်းမှာတော့ သူ​က နောက်ကျ​နေခြင်းမဟုတ်ပါဘဲ ကျွန်မကသာ စိတ်​လောနေ​သော​ကြောင့် အချိန်ကုန်​နှေးသည်ဟု ခံစား​ရခြင်းပင်ဖြစ်လိမ့်မည်။

' ဟဲ့ အဲ့မှာ ဘာထိုင်လုပ်​​နေတာလဲ။ ခြင်ကိုက်ကကိုက်နဲ့။ ရုပ်ရှင်လာ​နေပြီ၊ မကြည့်ဘူးလား။ '

အိမ်တွန်းတံခါးအား ဆွဲဖွင့်ကာ အ​မေးရှိလာ​သော ဘွားဘွား၏​ မေးခွန်းအား တွေ့စရာလူရှိလို့ဟူ​သော အ​ဖြေနှင့်ပင် ဇာတ်လမ်းတွဲကြည့်ရန် ကျွန်မ ငြင်းလိုက်ပါ၏။

ထို့​နောက် သိပ်မကြာသည့် အချိန်မှာပင် ခြံတံခါး​အပြင်ဘက်ခြမ်း၌ ကြွပ်ကြွပ်အိတ်သံ တစ်စွန်းတစ်စအား ကျွန်မ နားပါးစွာ ကြားလိုက်ရသည်။

သူများလားဟူ​သော ​မျှော်လင့်ချက်ဖြင့် ကောက်ကာငင်ကာ ထ၍ တံခါးဆွဲဖွင့်လိုက်သည့်အခါ ကျွန်မ တစ်ည​နေလုံး​ စောင့်​နေခဲ့ရသူမှာလည်း လက်သီးဆုပ်၍ တံခါး​ခေါက်ရန် အရှိန်ပြင်​နေပုံနှင့် အချိန်ကိုက်စွာ ကွက်တိ ဆုံကြ​​​တော့သည်။

ယင်းအ​နေအထားဖြင့် မိနစ်ပိုင်း​လောက် ကြောင်အ​,နေကြပြီး​နောက်တွင်မှ ယခုလို ကို့ရို့ကားယားနိုင်လှသည့် အ​ခြေအ​နေကြောင့် သူ​​ရော ကျွန်မပါ မ​အောင့်အီးနိုင်စွာပင် ရယ်ချလိုက်မိကြ၏။

' ရော့၊ ဒီမှာ ခဏ​စောင့်​နေနော်၊ ကိုယ် အိတ်သွားထားပြီးရင် ပြန်ထွက်ခဲ့မယ်။ '

သူ ကိုင်လာ​​သော ရေခဲမုန့်နှစ်ခုထည့်ထားသည့် ပလက်စတစ်အိတ်​အကြည်လေးအား ကျွန်မထံ ​ပေးအပ်ထားခဲ့၍ အခန်းထဲသို့ ​ပြေးဝင်သွားသည်။

𝗇𝗂𝖼𝖾 𝖽𝗋𝖾𝖺𝗆 & 𝗂𝖼𝖾-𝖼𝗋𝖾𝖺𝗆𝗌Where stories live. Discover now