စာမျက်နှာ - ၄

111 12 0
                                    

▪︎𝗎𝗇𝗂𝖼𝗈𝖽𝖾

နွေဦးရက်များကို ကျော်လွန်၍ နွေရာသီ​သို့ အလုံးစုံကျရောက်လာရခြင်းတွင် ပထမဦးဆုံး စတင်ကြုံ​တွေ့ရမည်မှာတော့ မေ့ရက်နိုင်ဖွယ်မရှိသည့် ​​​နွေမနက်ခင်းများပင်ဖြစ်သည်။

နိုးထလာသည်နှင့် ဦးစွာ ထိပ်တိုက်ရင်ဆိုင်ရမည့် နေ​ရောင်ခြည်​အောက်မှ လွင့်​မျော​နေ​သော အမှုန်အမွှားစလေးများ၊ တစ်နှစ်ပတ်လုံးလုံး သစ်ပင်ထိပ်၌ တင့်တယ်လှပစွာ စိမ်းစို​နေခဲ့​ပါသော သစ်ရွက်စိမ်းများမှာ အချိန်တန်ပြီဖြစ်သော​ကြောင့် ရွက်​ဟောင်းရွက်ခြောက်များအဖြစ်သို့ ကူး​ပြောင်းလာကာ မြေ​ပြင်ပေါ်​​သို့ တစ်ရွက်ချင်း ကြွေဝေခသွားရခြင်းများ၊ ​နေပူပူထဲတွင် အဝတ်များနေလှန်းထားရာမှ ရရှိလာသည့် ဆပ်ပြာနံ့သင်းသင်းနှင့်​ ရော​ထွေး​နေသော အမည်မသိ ​ ​ခြောက်​သွေ့​​လွမ်း​မောဖွယ်​ရနံ့များ စသည်စသည်တို့သည် နွေသို့​ရောက်ရှိလာပြီဖြစ်​ကြောင်းကို တကူးတကပြော​နေစရာမလို​အောင်ပင် သိသာထင်ရှား​​​နေစေ​သည်။

ထိုအရာများနှင့် မပြည့်စုံ​သော နွေဥတုသည် ကျွန်မအတွက်​တော့ ဇာတ်လိုက်​ပျောက်​နေ​သည့် ပြဇာတ်တစ်ခုအလား အဘယ်သို့မျှ အသက်ဝင်နိုင်မည်မဟုတ်​ပါပေ။

သို့​သော် ယခုနှစ်​နွေရာသီတွင်​တော့ ယခင်နှစ်များနှင့်ကွဲပြားစွာ ကျွန်မ၌ သတ်မှတ်ချက်က​လေးတစ်ခု ထပ်မံတိုးလာရသည်။

၄င်းသတ်မှတ်ချက်က​လေးသည် အခုရက်ပိုင်းများတွင် ရံဖန်ရံခါအားဖြင့် မျက်မှန်တပ်လေ့ရှိလာသည်။
ထို့အပြင် နှာရိုး​ပေါ်သို့ ​လျှောကျ​နေ​​သည့် မျက်မှန်က​လေးအား တစ်ချက်တစ်ချက် ပင့်တင်တတ်ပါ​သော လက်​ကလေးများမှာလည်း ကြည်လင်သန့်စင်​နေပြန်ပါ၏။

တရားကို လွန်လွန်းသည်။
ဘယ်လိုလူကများ ဒီ​လောက်အထိ ပြည့်စုံနိုင်သလဲ။
ကျွန်မ​ရှေ့များ ခေါ်ပြလာခဲ့လျှင် ကင်မ်ထယ်ရယ်အမည်တွင်​သော အမျိုးသားဘက်မှ​ ကြေးကြီးကြီးဖြင့် လောင်း​ကြေးထပ်ကာ ယှဥ်ပြိုင်ပြလိုက်ချင်ပါ​သေးသည်။

' အဲ့တာ​တွေ ပြီးရင် ဒီဘက်လှမ်းပေးပါဦး​။'

'ခဏနေပါဦး၊ ဆပ်ပြာက အခဲ​လိုက်ဖြစ်နေတာ။ ပျော်ကိုပျော်မကျနိုင်ဘူး။ '

𝗇𝗂𝖼𝖾 𝖽𝗋𝖾𝖺𝗆 & 𝗂𝖼𝖾-𝖼𝗋𝖾𝖺𝗆𝗌Место, где живут истории. Откройте их для себя