5

2.8K 196 14
                                    

ကပြဖျော်ဖြေပြီးတဲ့နောက်မှာ မောနေပုံရသည့် ကောင်လေး ပါးစပ်လေးဟကာအသက်ရှုနေသည် ဒီလူရဲ့ စိတ်ကိုဆွနေသလားပဲ

"ကောင်လေး ဒီကိုလာ"

လက်နဲ့ပုတ်ပြပြီးပြောလာသည့်မြို့အုပ် ဘာဖြစ်ချင်နေမှန်းမသိပေမာ့်သူလည်းဒီလူရဲ့အမိန့်သံတွေကိုသဘောကျလာတယ်

"မင်းအသက် ဘယ်လောက်လည်း"

"နှစ်ဆယ့်ငါးနှစ်ပါ"

သိပြီးသားဖြစ်သော်လည်း ဒီကောင်လေးဖြေတာကိုကြားချင်လို့

"ကောင်လေး ကကိုယ့်ထက်ငယ်တာပေါ့ ကိုယ်က သုံးဆယ့်တစ်"

".........."

"ကောင်လေး" "မင်းကျုပ်ကိုဘယ်လိုမြင်လဲ"

"မြို့အုပ်လို့မြင်ပါတယ်"

"စိတ်ထဲရှိတဲ့အတိုင်းပြောပါသိချင်လို့အပြစ်မပေးပါဘူး"

ထို့နောက်မျက်နှာအားစေ့စေ့ကြည့်လာကာ

"အတ္တကြီးတယ်ထင်တယ် ကိုယ့်အတွက်ပဲကိုယ်ကြည့်တဲ့သူ ညှာတာရမှန်းမသိတဲ့ အသည်းနှလုံးမရှိတဲ့လူသား"

"ကျုပ်ကအဲ့လောက်တောင်လား"

"အဲ့ထက်ပိုတယ် "

"အဟွန်းး ကျုပ်က ကောင်လေးထက် အသက်ကြီးတော့ဘယ်လိုခေါ်မယ်စဉ်းစားထားလဲ "

"မြို့အုပ်ကမြို့အုပ်ပါပဲ"

"ကျစ် !!"

"ကောင်လေး ကျုပ်ရင်ခွင်ထဲလာ"

အနားတိုး၍ ရင်ခွင်ထဲတိုးမဝင်ဘဲ သူနဲ့ယှဉ်ရပ်ကာအောက်ကိုပဲကြည့်နေတာကြောင့် ဆွဲဖက်လိုက်တယ် ရှောင်ကျန့်က သိပ်စိတ်ရှည်တဲ့လူစားမဟုတ်

"ဘာ ဘာဖြစ်လို့အတင်း!!"

"မရဘူးလား ကောင်လေး .ကောင်လေးကချစ်ဖို့ကောင်းလွန်းလို့လေ အသဲယားတော့လုပ်မိရာလုပ်တာ"

"ဘယ် ဘယ်သူကမေးလို့လဲ"

"အော် ဟုတ်ပါပြီ"

"အိပ်ရအောင်ကောင်လေးကျုပ်ပင်ပန်းနေတယ်"

"ကောင်းပါပြီ "

ထိုညမှာလည်း ဝမ်ဟာ‌မြို့အုပ်ရင်ခွင်ထဲ လုံခြုံစွာအိပ်စက်နေပါတော့တယ် သိပ်လှတဲ့ညလေးကို ဘယ်သူမှနှောင့်ယှက်လို့မရ

မြို့အုပ်မင်းရဲ့မူပိုင်Where stories live. Discover now