9

2.6K 208 14
                                    

"မြို့~မြို့အုပ်မင်း ဘယ်~ဘယ်လိုရောက်လာတာလဲ"

"ဒီလိုပဲ ရွတ်~ ရောက်လာတာ"

နမ်းရင်းပြောလာတဲ့မြို့အုပ်က တကယ် လက်ရဲသည်

"မြို့အုပ်ဖယ်ပေးပါ မကောင်းပါဘူး"

"ဘာမကောင်းတာလည်းကျုပ်နမ်းတာက မကောင်းလို့လား"

ပြောပြီး လယ်ဂုတ်အားလျှာနဲ့လျက်တဲ့အခါ လူကတွန့်ကနဲ

"ဟို သူများမြင်လို့မတင့်တော်ဘူး ပြောတာပါ"

"ဘယ်‌သူကြည့်ရဲလည်း ကြည့်ရဲတဲ့သူကြည့်လိုက်လေ"

"မြို့အုပ် အင့် ~ဖယ်ပါဆိုနေမှ "

"ဟမ်"

နှုတ်ခမ်းဆူကာပြောလာသူလေး ဘောက်ဆက်ဆက်နဲ့ ဒါဟာ စိတ်ဆိုးတာလား ဘယ်လိုလေးပါလိမ့် အနောက်သို့တခြမ်းစောင်းကာမျက်စောင်းလေးကလည်း‌ဒိုင်းကနဲထိုးတယ် ဒီလူကခံနိုင်ရိုးလား

"ဖယ်ပါဆို ကောင်းကောင်းပြောတာမရဘူးမြို့အုပ်ဖြစ်ပြီးအရှက်တရားကိုမရှိဘူး "

"အာ့ !!! မင်း!"

သူ့ကိုကောင်းကောင်းပြောတမားမလည်ရလားဆိုပြီး ခြေထောက်အားတက်နင်းလို့ထွက်သွားသည်

မနာကျင်ပဲ ဒီကောင်လေးစိတ်ဆိုးစိတ်ကောက်တာလေးကို ကြည့်ကာပြုံးနေမိသည် ဒါဟာလည်း ကောင်လေး ဟာ ဘယ်သူမှသူ့အပေါ်မပြုမူဘူးသည့်အရာကိုလုပ်လိုက်ခြင်းကြောင့်လား .....

"ရှောင်ကျန့် "

"အင်းပြော"

"မင်းဟာမဟုတ်သေးဘူး "

"ဘာကိုလည်း"

အလုပ်ရုံးခန်းထဲအား ဝင်လာပြီး သူ့အားမကောင်းဘူးပြောနေသော ဗိုလ်ချုပ်ကျန်းချန် တနည်းသူ့ရဲ့ ပြောမနာဆိုမနာသူငယ်ချင်း

"မင်းမှာအိမ်ထောင်ရှိတာသိလား"

"သိတယ်"

"မင်းကောင်လေးကိုချစ်လား"

"မသိဘူး"

"အာ့ဆို ဘာလို့နှောက် ယှက်နေသေးတာလည်းဟိုတစ်ခေါက်‌တည်းကမေးနေတာကိုမင်းကရှောင်နေတာအခုလည်းမသိဘူးတဲ့လား "

မြို့အုပ်မင်းရဲ့မူပိုင်Where stories live. Discover now