8

2.5K 175 17
                                    

အခုဆိုရိပေါ်က အရင်ကထက်နေပြန်ကောင်း‌နေ ပြီဖြစ်သည် သုံးရက်လောက်အလုပ်ပျက်သွားသဖြင့်ဒီနေ့တော့ အလုပ်ပြန်ဝင်ဖို့စိတ်ဆုံးဖြတ်ထားသည် နေမကောင်းသည့်ရက်အတွင်းမြိုင်ဟေဝန်မှာသာနေခဲ့ရသည် ဒီနေ့တော့မြို့အုပ်ကိုပြောကာအိမ်ပြန်မည်ဖြစ်သည်။

" မြို့အုပ်မင်း ရော"

"မြို့အုပ်က အလုပ်ရှိလို့ အပြင်ထွက်သွားပါတယ် "

"ဘယ်ချိန်ပြန်ရောက်မှာလည်းဟင်"

"နေ့လယ်တော့ပြန်ရောက်မယ်ထင်တယ် "

"အပြင်မှာလမ်းလျှောက်ထွက်ချင်လို့"

"မရပါဘူးရှင့် သခင်ကြီးက အကိုလေးကိုအပြင်မထွက်ခိုင်းပါဘူး"

"ဘာလို့လဲ"

"ဟွန့် !"

ပျင်းလို့အပြင်မှာလမ်းလျှောက်ဖို့အရေး အိမ်တော်က အကူကောင်မလေးအားမေးနေရခြင်းပင် ခွင့်မပြုတော့လည်းဘာတတ်နိုင်ပါ့ ထိုအချိန်အခန်းထဲကိုဝင်လာသော မြို့အုပ်ကတော်

"မင်း ပြန်တော့"

"မြို့အုပ်က သူပြန်ခိုင်းမှပြန်လို့ပြောပါတယ်"

"မင်း ! ငါကသူ့ရဲ့မိန်းမပဲ ငါပြန်ခိုင်းရင်ပြန်မှပေါ့ ပိုက်ဆံလိုချင်လားဘယ်လောက်လဲ ငါပေးမယ် မောင့်နားကထွက်သွား"

"အရာရာကိုငွေနဲ့ဆုံးဖြတ်တတ်တာက အန်တီ့အကျင့်ထင်တယ်နော်"

"မင်း !!"

ရိပေါ်တကယ်ကြည့်မရပါ အိမ်တော်ကအကူမလေးများအပေါ်လည်းနိုင်ထက်စီးနင်းလုပ်လွန်းသည် ဒါတွေအပြင်ကြီးကျယ်လွန်းတဲ့သူမကို စိတ်ရှိတိုင်း ထုထောင်းချင်သည် မြို့အုပ်မင်းသက်ဆိုင်သူ ဟုတ်လို့သာငြိမ်ခံနေခြင်းပင်

"မင်းရိုင်းစိုင်းလှချည်လား နင့်မိဘတွေက ဒီလိုပဲသင်ထားတာလားဟမ် "

"ဒီမှာ အန်တီ ခင်များထက်စာရင်ကျနော်က သာတယ်လေ အနည်းဆုံးတော့ ခင်များလို နိုင်ထက်စီးနင်းလုပ်မနေဘူး "

"မင်းကများလူပါးဝလို့ "

ယန်‌မေလီ ဆိုတဲ့အမျိုးသမီးက လက်ရွယ်လာသည်မို့
ရိပေါ်ကရှောင်ရန်အသက့်အနေထားလုပ်လိုက်ပေမယ့် ထိုအမျိုးသမီးရဲ့လက်ဟာလေထဲတွင်သာရပ်တန့်သွားသည်မို့

မြို့အုပ်မင်းရဲ့မူပိုင်Donde viven las historias. Descúbrelo ahora