Chapter One

297 26 5
                                    

Celestia ... Moderna...

တစ်ချိန်က သိပ်ကိုခမ်းနားကြီးကျယ်လွန်းလှသော နိုင်ငံနှစ်နိုင်ငံ။ မဝေးကွာလှသော နှစ်နိုင်ငံအကွာအဝေးကြားမှာ ဘုရင်အချင်းချင်း တိုင်းသူပြည်သားအချင်းချင်းရဲ့ နွေးထွေးမှု ချစ်ခင်ရင်းနှီးမှုတွေကတော့ စိမ်းသက်လွန်းတယ်။ အပြိုင်အဆိုင်တွေကြားမှာ စစ်ပွဲတစ်ပွဲ အလွယ်တကူထဖြစ်နိုင်လောက်တဲ့အထိ ဆက်ဆံရေးတွေက တင်းမာလှတယ်။

ဒီလိုနီးစပ်ခွင့်မရှိနိုင်တဲ့ နိုင်ငံအကြားက လူသားနှစ်ယောက်ရဲ့ ချစ်ခြင်းမေတ္တာတရားဟာ ပေါက်ဖွားလာခဲ့ဖူးတယ်။

ရှေးဆိုရိုးစကားတစ်ခွန်းရှိတယ်။

❛❛ နှလုံးသားနှစ်ခုသာ တကယ့်အစစ်အမှန်ဆိုရင် ဘယ်အရာကမှ မဖျက်ဆီးနိုင်ဘူး ❜❜ တဲ့။








" တော်လိုက်တာ ဂျောင်၀န်း၊ သားကတော့ အတော်ဆုံး‌လေးပစ်သမားပဲ "

ကျောကုန်းအားအသာပုတ်ကာ အားရ၀မ်းသာနဲ့ ချီးကျူးစကားပြောလာတဲ့ အဖေ့ကြောင့် မပျော်ရွှင်ဘူးဆိုရင် လိမ်ရာကျနိုင်မယ်။

" တကယ်ဝောာ်တာ၊ ကျွန်တော်တို့ကို ဘယ်တုန်းကမှ စိတ်မပျက်စေရဘူး "

ထပ်မံ၍ချီးကျူးလာပြန်တဲ့ ကိုယ်ရံတော်ဂျွန်‌ယောင်းကြောင့်လည်း ဂုဏ်ယူစွာဖြင့် ပြုံးလိုက်မိတယ်။

" ကျေးဇူးပါ ဂျွန်ယောင်း "

လေ့ကျင့်လို့ပြီးတာနဲ့ ၀တ်ဆင်ထားရတဲ့ လက်အိတ်တို့ကို ချွတ်ပြီး လေးနဲ့မြားကိုပါ သိမ်းဆည်းလိုက်တယ်။ တစ်နေကုန်လေ့ကျင့်ထားရတာမို့ လူလည်းပင်ပန်းလာပြီလေ။ ဘေးက ဂျွန်‌ယောင်းလည်း ပင်ပန်းနေပုံရတာ အထင်းသား။

" အဖေ၊ ကျွန်တော် တောအုပ်ထဲသွားလို့ရမလား "

နန်းတော်တွင်းမှာပဲ လေ့ကျင့်ရ လေ့လာရနဲ့ ကျဉ်းကျပ်မှုတွေအဆုံးမှာ တောအုပ်ငယ်လေးကသာ လွတ်လပ်အေးချမ်းရာနေရာလေးတစ်ခု။ အဲဒီနေရာလေးမှာသာ သူ... နဲ့ တွေ့နိုင်တာ။ တောင်တန်းတောင်ကုန်းတွေကို ဖြတ်ကျော်ရတာမလို့ တွေ့ဖို့သွားရတာက မလွယ်ကူ။ ဒါပေမယ့် ခဏအနားယူရတဲ့အချိန်လေးအတွင်း မရမက အရောက်သွားခဲ့ဖူးတယ်။ သူ... နဲ့ တွေ့ဖို့အတွက်။

Till The Next Life : HEEWONDonde viven las historias. Descúbrelo ahora