Chapter Three [Final]

60 7 0
                                    

" အားးးး... "

ကိုက်နေသည့်ခေါင်းကိုအသာကိုင်ရင်း မျက်လုံးလည်းပွင့်လာရသည်။ ဘေးဘီကိုကြည့်မိတော့ အခန်းထဲကကြမ်းပြင်မှာပဲ လှဲလျောင်းနေတာကို သတိပြုမိလိုက်သည်။

" ဘာဖြစ်သွားတာလဲ? "

နားထင်ကြောကိုဖိရင်း ကိုယ့်ဘာသာကိုယ် အမေးပြန်ထုတ်လိုက်ပြန်သည်။ နေရာပတ်ပတ်လည်းကို ဝေ့ဝဲကြည့်လိုက်တော့ မမျှော်လင့်ထားတဲ့အရာတစ်ခုကို တွေ့လိုက်ရသည်။

" နေပါဦး၊ အဲ့ဒါ ငါငယ်ငယ်တည်းက ပျောက်သွားတဲ့ လက်ကိုင်ပုဝါမလား၊ ဒီကိုဘယ်လိုရောက်နေတာလဲ "

မသေချာမှာစိုး၍ လက်ကိုင်ပုဝါကိုယူပြီး သေချာကြည့်ဝောာ့လည်း မှားနိုင်စရာမရှိ။ လက်ကိုင်ပုဝါနှင့်အတူချည်ထားသော စာတစ်စောင်ကိုလည်းတွေ့လိုက်ရ၍ ယူပြီးဖွင့်ဖတ်လိုက်သည်။

" ကံကြမ္မာကို ယုံလား? စိတ်မပူပါနဲ့၊ မင်းနဲ့မင်းချစ်သူတို့နှစ်ယောက် မကြာခင်ဆုံတွေ့ရတော့မှာပါ ဂျောင်၀န်း "

စာဖတ်ပြီးသည်နှင့် မေ့လဲသွားစဉ်တုန်းက အိပ်မက်လိုလိုမြင်လိုက်ရသည့် မြင်ကွင်းတစ်ခုက ခေါင်းထဲရောက်လာသည်။

မသဲမကွဲမြင်ကွင်းဖြစ်ဝာာမို့ သေချာအာရုံစိုက်ကြည့်လိုက်တော့ မျက်စိရှေ့မှာရပ်နေတဲ့သူတစ်ယောက်။

" တ... တကယ်ပဲ... စီနီယာဟီဆွန်းလား?... "

အတွေးစတို့ပျောက်ပျက်မသွားအောင် မျက်လုံးကိုသေချာပိတ်ထားပြီး ထိုသူရဲ့အသွင်အပြင်ကို ပြန်မြင်အောင်ကြိုးစားကြည့်လိုက်သည်။

တကယ်ပဲ အစ်ကိုဖြစ်နေတယ်။ ဒါပေမယ့် အခုပုံစံနဲ့ခြားနားစွာပဲ သံချပ်ကာ စစ်၀တ်စုံနဲ့ဖြစ်နေခဲ့တယ်။

" ကိုယ်နဲ့အတူလိုက်ခဲ့ပါ ဂျောင်၀န်း၊ ဒီရက်စက်လွန်းတဲ့ ကမ္ဘာကနေ အတူပြေးရအောင် အချစ်ရယ်... "

မြင်ကွင်းထဲကအစ်ကို့စကားကြောင့် မျက်လုံးပိတ်ထားရာကနေ အလန့်တကြားဖွင့်လိုက်မိသည်။

" ဘာတွေဖြစ်နေတာလဲ? "

အိပ်မက်လိုလိုပေမယ့် တကယ်ဖြစ်ခဲ့ပုံရသည့်မြင်ကွင်း၊ လက်ကိုင်ပုဝါ အမျိုးမျိုးသောဖြစ်ရပ်တို့ကြောင့် ကိုယ်တိုင်ပင်သေချာမစဉ်းစားတတ်တော့။

You've reached the end of published parts.

⏰ Last updated: Apr 24 ⏰

Add this story to your Library to get notified about new parts!

Till The Next Life : HEEWONWhere stories live. Discover now