Chapter Two

213 25 10
                                    

ဖြတ်သန်းနေကျနေ့ရက်တွေအတိုင်း ကျောင်းသားလေးဟီဆွန်းက ဒီနေ့မှာလည်း စာကြည့်တိုက်ကိုရောက်လာခဲ့တယ်။ လူတွေအများကြီးရှိနေတဲ့နေရာကိုကျော်ပြီး မဖတ်ရသေးတဲ့စာအုပ်တွေရှာဖို့ လူရှင်းတဲ့နေရာဘက်ကို သွားလိုက်တယ်။ အသက်၁၃နှစ်ပြည့်ပြီးတဲ့အချိန်အတွင်း တစ်ခုတည်းသောစိတ်၀င်စားစရာဖြစ်တဲ့ စာအုပ်တွေနဲ့သာ အချိန်ကုန်ခဲ့တာဖြစ်တယ်။

" ဘာဖတ်ရင်ကောင်းမလဲ.. "

ပါးစပ်ကလည်းရေရွတ်ရင်း ဖတ်ချင်သည့်စာအုပ်ကို ဝေ့ဝဲရှာနေလိုက်တယ်။

ရှာနေရင်းနဲ့ စင်ပေါ်တစ်ခုမှာတင်ထားတဲ့ အဖုံးထူထူနဲ့စာအုပ်တစ်အုပ်ဆီကို အာရုံရောက်သွားမိတယ်။ အနည်းငယ်မြင့်နေတဲ့နေရာမှာရှိနေ‌တာကြောင့် ခြေဖျားအသာထောက်ရင်း လှမ်းယူလိုက်ရတယ်။

" စစ်သည်တော်တစ်ယောက်ရဲ့ဒဏ္ဍာရီ : အဆုံးသတ်မည်မဟုတ်သောအချစ် "

စာအုပ်ခေါင်းစဉ်ကို ခပ်တိုးတိုးဖတ်လိုက်မိတယ်။ ပုံမှန်အားဖြင့် ဒီလို၀တ္ထုမျိုးကိုဖတ်လေ့မရှိပေမယ့် ဒီစာအုပ်ကတော့ တစ်ခုခုကိုဆွဲညှို့ထားသလိုပင်။

" သေချာရွေးတတ်တာပဲ ကောင်လေး "

အနောက်ဘက်မှ ရုတ်တရက်ထွက်ပေါ်လာတဲ့ အသံကြောင့် လန့်ကာခုန်မိမတတ်ပင်။ လှည့်ကြည့်လိုက်တော့ တစ်ခါမှမတွေ့ဖူးသော အဖွားတစ်ယောက်ကို တွေ့လိုက်ရတယ်။ သူ(မ)ရဲ့ အပြုံးတွေ၊ အကြည့်တွေ၊ ပုံစံတွေကအစ ထူးဆန်းနေသလို စိတ်ထဲခံစားလိုက်ရတယ်။

" အခုကိုင်ထားတဲ့စာအုပ်ရဲ့ဇာတ်‌ကြောင်းကို ကြားဖူးလား "

တစ်ခါမှမကြားဖူးသဖြင့် ဟီဆွန်း ခေါင်းသာခါပြလိုက်တယ်။ ထိုအဖွားက ထပ်မံပြုံးပြပြီး အနားကိုခြေတစ်လှမ်းတိုးလာတယ်။

" မကြာခင်သိရမှာပါ ကောင်လေး၊ ဒါနဲ့ လက်ကိုင်ပုဝါလေးက လှသားပဲ "

အဖွားထွက်သွားသည်နှင့် ကြောင်တောင်ဝောာင်ကျန်ခဲ့ရသူက ဟီဆွန်း။ ထို့နောက် ပုခုံးပေါ်တွင်တင်နေသော လက်ကိုင်ပုဝါကို လှမ်းယူလိုက်တယ်။

「 ဒီလက်ကိုင်ပုဝါက ဘယ်ကနေရောက်လာတာလဲ 」








၁၀ နှစ်ခန့်ကြာသော်...

Till The Next Life : HEEWONOù les histoires vivent. Découvrez maintenant