🖤4🖤 (U+Z)

2.6K 234 15
                                    

"မင်းနဲ့ငါ
အိမ်ရောက်မှရှင်းမယ်!"

တင်းကြပ်စွာဆုပ်ကိုင်ခံထား
ရသည့် လက်ကောက်ဝတ်
တစ်ဖက်အား
Jimin အလန့်တကြား
ဆောင့်ရုန်းလိုက်မိသည်။

သွေးလည်ပတ်မှုတို့နှောင့်နှေးသွားသည့် အဆိုပါ
လက်ကောက်ဝတ်နေရာကား နီရဲလျက်ရှိ၏။

ရှေ့မှ အရှိန်ဖြင့်သွားနေသော Kim သည် ဖြုတ်ချသွားသောလက်တစ်စုံအား
စူးရဲစွာစိုက်ကြည့်လိုက်ပြီး
မျက်နှာတစ်ခုလုံးက
ဒေါသအငွေ့တို့ဖုံးလွှမ်း၍ တင်းမာလျက်ရှိရာ အချိန်မရွေးပေါက်ကွဲသွားနိုင်သည့် မီးတောင်တစ်ခုလို။

နာကျင်သွားသော
လက်ကောက်ဝတ်အား ကျန်လက်တစ်ဖက်ဖြင့်အုပ်ကိုင်ရင်း
Jimin က မဝံ့မရဲဟန်ဖြင့်
လူကြီးအား မော့ကြည့်လိုက်ပြီး

"ရိုက်မှာဆို
အိမ်ထိသွားစရာမလိုပါဘူး။
ဒီမှာရိုက်လည်းရပါတယ်။
ကျွန်တော့်ကို ဦးငယ်ပဲပိုင်တာပါ။
ဘာလို့လည်းဆိုတော့...
ကျွန်တော်...ကျွန်တော်က
ဦးငယ်အကြွေးနဲ့သိမ်းလာတဲ့......"

"KimJimin !!"

Car parking တွင်လူရှင်းနေတာမို့ Kim အသံက ဟိန်းထွက်
သွားလေသည်။ထို့နောက် Kim ၏ ညာဘက်လက်က ရုတ်တရက်လေထဲသို့မြှောက်တက်သွားရာ Jimin ကမျက်လုံးကို မှိတ်ချလိုက်ပြီး
ပါးပြင်ပေါ်ကျရောက်လာမည့်
နာကျင်မှုအားခံယူရန် အသင့်ဖြစ်နေခဲ့လေသည်။

ထိုအခိုက်တန့်တွင် Jimin သည်
ပါးပေါ်က နာကျင်မှုအား
မခံစားရသေးခင် ဝဲဘက်ရင်အုံက နှလုံးသားဆီမှ ထုံကျင်သွားသည့်ခံစားချက်ကိုစတင်ခံစားလိုက်ရသည်။

"တောက်! မင်း!"

အရိုက်ခံရမှာကြောက်လား?
မေးရင် ကြောက်ပါသည်။
ဒီအသက်အရွယ်ထိ မိဘနှစ်ပါးဆီက
တစ်ခါမှအရိုက်မခံရဖူးတာမို့။

သို့သော် ပါးပြင်ပေါ်သို့
ဦးငယ်ရဲ့ လက်ဖဝါးတစ်ဖက်က
ရောက်မလာခဲ့။
တကယ်ဆို ကျွန်တော်အရိုက်ခံရသင့်တယ်လေ။

"အားးးး"
စိတ်လွတ်သူတစ်ဦးကဲ့သို့
တစ်ချက်အော်ချလိုက်ပြီးနောက်
Kim ရဲ့ ဒေါသတွေက ကားမှန်ပေါ်သို့ အရှိန်ဖြင့် ခပ်မြန်မြန်
ကျရောက်သွားလေသည်။

ဦးငယ် // VminWhere stories live. Discover now