🖤.....FINAL......🖤

2K 154 36
                                    

"ParkJimin "

"အဲ့ဒီနာမည်နဲ့ လူနာ
မရှိပါဘူးရှင့်"

"KimJimin ရော....."

"လူနာ နာမည်က
KimJimin နော်....အာ....
ဆေးရုံကဆင်းသွားတာ တစ်ပတ်ကျော်လောက်ရှိပါပြီရှင်...."

အနက်ရောင်
ဦးထုပ်အား ခပ်ငိုက်ငိုက်ဆောင်းထားသူသည် Nurse မလေး၏
အဖြေအား အလိုမကျဟန်
သက်ပြင်းတစ်ချက်ချရင်း ဖုန်းထုတ်၍ တစ်စုံတစ်ယောက်ထံ ဆက်သွယ်နေ၏။

ထိုသူ၏
အမည်နာမကား Max ။

ဖခင်သည် ကိုရီးယားနိုင်ငံသားဖြစ်သော်ငြား သူသည် မိခင်ဖြစ်သူ ပြင်သစ်နွယ်ဖွားဖက် သွေးပါသော​ကြောင့် ဖြူသောအသားရည် ၊ ကြည်တောက်သော မျက်လုံးမျက်ဖန်နှင့် ခပ်ခွေခွေလှိုင်းတွန့်ဆံပင်တို့ဖြင့်
ဥရောပသားတို့၏ ချောမောမှုမျိုးဘက်သွား၏။

အသက်အရွယ်ငယ်သော်ငြား
ခိုင်းစေသည့်တာဝန်များအား
ရာနှုန်းပြည့် ကျေပွန်တတ်သူမို့
သူဟာ မြို့တော်ဝန်၏ အလေးပေးခြင်းအခံရဆုံးလူ။

အသားရည်ဖြူသူမို့ သွေးကြောစိမ်းတို့ သိသာထင်ရှားစွာ ယှက်ဖြာနေသော သူ၏
လက်ဖျံထက် ကွန့်မြူးနေသော မြွေတစ်ကောင်သည် အသက်ဝင်လွန်းလှသည်။

Tattoo artist သည် ၎င်း၏
လက်ရာအား ယုံကြည်ချက်အပြည့်ရေးခြစ်ထားဟန်ရလေသည်။

ထို့ပြင်
လည်ပင်းအား ကန့်လန့်ဖြတ်ထိုးထားသော စာတန်း Tattoo ကား
သူ့အား ရုပ်ဆိုးမနေစေဘဲ
တစ်မျိုးတစ်မည် ကြည့်ကောင်းနေစေသေး၏။

သူ၏ လက်ထဲမှ
ခွင့်လွှတ်မှုကို တောင်းခံသည့်အဓိပ္ပါယ်ရသောအဖြူရောင်ကျူးလစ်ပန်းစည်းကြီးသည် ယခုအခါ ပိုင်ရှင်မဲ့နေခဲ့ပြီ......။

Tiiiiiii

ဖုန်းဝင်သွားသောအချိန်၌ တစ်ဖက်မှ ချိုရှသော အသံဟာ
လေလှိုင်းမှတစ်ဆင့် နားစည်သို့
ဖြည်းညင်းစွာ ရိုက်ခတ်လာ၏။

"Hello Max? "

"သူ အိမ်ရောက်သွားပါပြီတဲ့"

"အင်း တာဝန်ကျေတယ်"

"ပန်းကရော အိမ်ကိုပဲပို့ပေးလိုက်ရမလား?"

"ထားလိုက်
မင်းသာ ပြန်လာခဲ့တော့ "

ဦးငယ် // VminWhere stories live. Discover now