EXTRA - 2 🦋

1.5K 137 52
                                    

ခုရက်ပိုင်းတွေ
KimJimin သိပ်ထူးဆန်းသည်။
သူ သတိထားမိသလောက်
အဲ့ဒါ Yoongi တို့ဆီ ဒုတိယအကြိမ်မြောက်သွားလည်ပြီးကတည်းက.......။

ဥပမာ Kim ထမင်းစားနေတုန်း
ဘေးတွင် အိမ်အကူမရှိ၍
တစ်ခုခုများ ထယူမိလျှင် -

"ဦးငယ် ဘာလိုလို့လဲ?"
"ဘာယူချင်တာလဲ?"
"နေနေ
သားယူပေးမယ်"

ရေများ နည်းနည်းကြာကြာ
ချိုးမိလျှင် -

"ဦးငယ်!! ကြာနေပြီလေ!"
"ရေမချိုးဘဲ ဘာလုပ်နေတာလဲ?"
"ကြာနေပြီလို့ ထွက်ခဲ့တော့!!"

သူ့အား မျက်စိအောက်က
အပျောက်ကိုမခံ။

အလုပ်လေး နည်းနည်းများပိ၍
ခေါင်းတွေကိုက်ကြောင်း
ညည်းညူမိလိုက်လျှင်လည်း-

"ဆေးခန်းသွားရအောင်"
"ဆေးခန်းသွားမယ် ဦးငယ်"

ရိုးရိုးခေါင်းကိုက်တာဖြစ်ကြောင်း၊
ဆေးခန်းသွားရန်မလိုကြောင်း
ရှင်းပြလည်း မရတော့....။
ဝမ်းနည်းပက်လက်ကြီး
ငိုယိုကာ တစ်နေကုန် စိတ်ကောက်တော့တာမို့ သူ့မှာအကြာကြီး ချော့ရသည်။

ဒီကလေးတစ်ယောက်
ဘာတွေဖြစ်နေမှန်းကိုမသိ.....။

>>>>>>>>>>>🖤

Ting.......

ရေဆာတာကြောင့် Kim နိုးလာတော့ ည နှစ်နာရီကြီး။
အိပ်ရာဘေးစားပွဲတွင်
ရေအဆင်သင့်ယူထားခြင်းမရှိတာကြောင့် ထထိုင်လိုက်ရင်း
ကုတင်မှဆင်းရန်ပြင်တော့ -

"ဦးငယ် ရေဆာလို့လား?
သားသွားယူပေးမယ်"

ထိုကလေးသည်
ပြောပြီးပြီးချင်း
သူ့ခန္ဓာကိုယ်အား ကျော်ခွပြီး အောက်ထပ်သို့ ပြေးဆင်းသွားတော့သည်။

ကိုယ်စောင်းလေးနည်းနည်းလှည့်မိတာတောင် သတိထားမိသည့်ထိုကလေးက အသင့်အနေအထားဖြင့် အိပ်နေသလား
တောင်ထင်ရသည်။
ဒါမှမဟုတ် အိပ်ရောအိပ်ရဲ့လားမသိ။

"ဦးငယ် ရေရပြီ
ဖြည်းဖြည်းသောက်"

"ကိုယ်က ကလေးလား? ဟွန်း"

သူ စနောက်လိုက်ပေမယ့်
ထိုကလေးရဲ့ မျက်နှာက
လုံးဝ အတည်အတံ့။
တစ်ခုခုဖြစ်နေတာအသေအချာပင်။

ဦးငယ် // VminWhere stories live. Discover now