EXTRA - 4🦋

1.2K 95 31
                                    

လက်မှ နာရီကို ကြည့်လိုက်တော့ နေ့လည်စာစားချိန်ပင်ရောက်တော့မည်။ မှန်ရှေ့က
ကိုပဲများကလေးဟာ ဆံပင်ပုံသွင်းနေသည်မှာ မပြီးနိုင်တော့။
အပြင်သွားချင်သည်မှာလည်း
သူ့အပြင်နှစ်ယောက်မရှိ။

ဒါလေးဟာ...ဒီချစ်စရာလေးဟာ
ဘယ်တုန်းကတည်းကများ
သူ့အပိုင်ဖြစ်လာခဲ့တာပါလိမ့်။

"မပြီးသေးဘူးလားကွာ"

"ပြီးပါပြီ ဦးငယ်ရဲ့ သားက
လှလှလေးဖြစ်ချင်လို့ဟာ"

"တော်ပြီပေါ့ အဲ့လောက်လိမ်းရင်
အဲ့ဒီ Mullet hair ကို
ရှေ့တိနဲ့အုန်းလုံးကေ
ပြန်ညှပ်ပေးပစ်မယ်"

"ဦး.....ငယ်...."

စိတ်ဆိုးမာန်ဆိုးနဲ့အကျယ်ကြီးအော်ပစ်တာမျိုးမဟုတ်ဘဲ
"ဦးငယ်"ဆိုသည်ကို သံရှည်ဆွဲ၍
မျက်မှောင်လေးကြုံ့ကာ ခေါ်ခြင်းပင်။

ခြေဆောင့်လိုက်သည်ကိုလည်း
Kim သေချာပေါက် မြင်လိုက်ပါသည်။

အဲ့တာကရော
ဘယ်ကနေတတ်လာပြန်တာလဲ?

ထုံးစံအတိုင်းပင်
နှုတ်ခမ်းဖူးက
စူထော်နေပြန်သည်။

Kim
ကုတင်ထက် ထိုင်နေရာမှ
ထိုကလေးရပ်နေသည့် မှန်ရှေ့သို့ ခပ်တည်တည်လျှောက်သွားလိုက်၏။

"တော်ပြီ အဲ့လောက်လှရင်"

သပ်သပ်ရပ်ရပ်လေး လုပ်ထားသော ဆံသားနုတို့အား လက်ချောင်းရှည်တို့ဖြင့် ဆွဲဖွခံလိုက်ရတော့ KimJimin သည် နားရွက်ဖျားများပင် ရဲလျက် စိတ်ဆိုးဟန်ပြုသည်။

"ဦးငယ်ဗျာ...."

"ဟော.......အဲ့လိုလေးလည်း
ချစ်ဖို့ကောင်းနေတာပဲကွ
တစ်ကယ် ကလေးလေးလိုပဲ"

တစ်ကယ်ပင် KimJimin ဟာ
ရှုပ်ပွပွဆံစတွေကြားထဲ
ကလေးတစ်ဦးနှယ်။

"တော်ပြီ
ဦးငယ်ကို မချစ်တော့ဘူး"

နောက်ထပ်တစ်ခါ
နှုတ်ခမ်းဖူးတို့ စုထော်လျက် ခြေဆောင့်စိတ်ဆိုးပြလာသော အဆိုးအသွမ်းလေးအား ရင်ခွင်ထဲအတင်းအကြပ်သိမ်းကြုံးပွေ့ဖက်ပစ်တော့ လူးလွန့်ရုန်းကန်လာ၏။

တစ်လျှောက်လုံး လိမ်လိမ်မာမာလေး ရှိလာခဲ့သည့်ဒီကလေး
ဒါမျိုးလေးအဆန်းတကြယ်တွေ
ဆိုးပြတာတွေလုပ်လာရင်
Kim သည် နှလုံးသားတွေမခိုင်။

ဦးငယ် // VminWhere stories live. Discover now