*3

312 40 6
                                    

Unicode Ver

လက်ရှိကာလ..

Canvasအလွတ်တွေရယ်
ဆေးရောင်စုံတွေရယ်နဲ့
ပြည့်နှက်နေတဲ့ အခန်းငယ်လေးထဲက
ပန်းချီကားလေး။

ပန်းချီကားလေးက ရိုးရိုးရှင်းရှင်းပါပဲ။
ကျောခိုင်းထွက်သွားတဲ့ နောက်ကျောပြင်တစ်ခုကို အသေးစိန်ခြယ်မှုန်းထားတာ။ ဆွဲသူရဲ့ စိတ်သဏ္ဍာန်ဟာ
ပန်းချီကားထဲမှာ ထင်ဟပ်နေသလို..။

ရိပေါ်က ဆွဲလက်စပန်းချီကို အပြီးသတ်ရင်း နားထင်ကို လက်နဲ့အသာဖိလိုက်တယ်။ ဒီရက်တွေထဲမှာ
သူမက်တဲ့အိမ်မက်တွေက အဆက်အစပ်မရှိ။ နိုးလာတော့လည်း
ရေရေရာရာမှတ်မိတာမရှိ။

ကျောပြင်ကျယ်တစ်ခုကိုသာ
သူ့အာရုံထဲမယ် စွဲစွဲထင်ထင်ရှိနေတာ။

ကျောပြင်လေးပဲမြင်နေရတာတောင်
သူ့ရင်တွေအဆက်မပြတ်ခုန်နေရတာ။

တကယ်ပဲ အိမ်မက်ရှင်ဟာ
ဘယ်သူပါလိမ့်။

အဖြေရှာမှဖြစ်တော့မှာပါလေ။

ရိပေါ်က တွေးတောရင်းကနေ
ခုံပေါ်မှာထိုင်နေလျက်နဲ့ပဲ
အိပ်ပျော်သွားတယ်။
အဲ့ဒီအခိုက်အတန့်လေးမှာပဲ
ရိပေါ်ဘေးနားမှာ ဝိညာဉ်လေးတစ်ခု
ပေါ်လာတယ်။
ရိပေါ်သာအိပ်ပျော်မနေဘူးဆိုရင်
အဲ့ဒီ့ဝိညာဉ်လေးရဲ့ မျက်ရည်စတွေကို
မြင်ခဲ့မှာအသေအချာပါပဲ။

********************

အတိတ်ကာလ

ဝမ်ရိပေါ်တို့သိပ်သိပ်စိတ်ညစ်နေတယ်။
ရှောင်းကျန့်ဆိုတဲ့လူသားဟာ
မြို့အုပ်မင်းလား တောက်တဲ့လား
ထင်မှတ်မှားရလောက်အောင်
ရွာကိုစရောက်ပါပြီဆိုကတည်းက
ရိပေါ်အနားပဲကပ်လို့နေတာ။

အခုလည်း အိမ်ရှေ့ကွပ်ပျစ်လေးမှာ
ပါးနဲ့ရှောင်းကျန့်က
စကားလက်ဆုံကျနေကြတာမို့
သူသက်သာရာရနေတာ။

ရိပေါ်ကတော့ အိမ်အပေါ်ထပ်ပြတင်းပေါက်ကနေ အိမ်ရှေ့လမ်းပေါ်က မြင်ကွင်းတွေကို လက်ဖဝါးပေါ်မေးထောက်ရင်း ငေးနေတယ်။

"အကိုရိပေါ်ရှိလား သူကြီး"

ရှောင်းကျန့်မျက်မှောင်အသာကြုတ်လိုက်မိတယ်ထင်တယ်။
ချစ်သည်းကိုမေးနေတဲ့သူမက
ချစ်သည်းနဲ့ ဘယ်လိုများပက်သတ်နေပါသလဲ။

EnchantedWhere stories live. Discover now