*4

341 35 21
                                    

Unicode Ver

လမိုက်ညရဲ့ ခပ်မှိန်မှိန်အလင်းအောက်မှာ ရွာငယ်လေးက အိပ်မောကျလို့နေ၏။
မအိပ်နိုင်သူများကတော့
ရွာထိပ်က ကင်းသမားများပင်။
တာဝန်ကရှိသည့်အပြင် သူကြီး၏ထိပ်တုံးရန်က ကြောက်ရသေးတာမို့ ဘယ်သူမှ ရေသာမခိုရဲကြ။

ရွာသူကြီးရဲ့အိမ်ထဲက အခန်းငယ်လေးမှာတော့ မြို့အုပ်မင်းငယ်ငယ်လေးတစ်ယောက် အတွေးနယ်ချဲ့နေရင်း အိပ်မပျော်နိုင်ဘဲရှိလေ၏။

"ဒေါင် ဒေါင် ဒေါင်"

ရုတ်တရက်ကြားလိုက်ရတဲ့ သံချောင်းခေါက်သံ။ ပက်လက်လှန်လှဲနေရာကနေ လူကသတိအနေအထားထိုင်မိရက်သား။ ဒီညကင်းတာဝန်ကျတဲ့အထဲ ချစ်သည်းရောပါတာ သတိရမိတာနှင့် လူကနီးရာတုတ်ကိုင်လို့
ရွာထိပ်ကို ခြေလှမ်းလှမ်းမိပြီးသား။

ရွာလေးထဲမှာတော့ တချို့တချို့ အိမ်ရှေ့ကို ကိုယ်စီထွက်လို့ စုရုံးစုရုံးနှင့်။

"ဓားပြတဲ့ဟေ့ ဓားပြတဲ့
အားလုံး နီးရာ တုတ်၊ဓားဆောင်ထားကြဟေ့"

ရွာတာဝန်ကျ ကင်းသမားတစ်ဦးက
သည်လိုအော်ရင်း ရွာလယ်လမ်းတစ်လျှောက် ပြေးသွားခဲ့သည်။

ရှောင်းကျန့်မှာ အထိတ်ထိတ်အလန့်လန့်နှင့်ပင် ရွာထိပ်က ကင်းတဲရှိရာရောက်လာခဲ့သည်။ ချစ်သည်းမျက်နှာလေးက စိတ်ဆုံးဖြတ်ပြီးဟန်ဖြင့် တင်းမာနေကာ လက်ထဲက တုတ်ကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထား၏။

မရှေးမနှောင်းမှာပင် သူကြီးနှင့်
သူကြီးကတော်၊ အိမ့်ပြာတာအားမောင်းတို့က အပြေးအလွှားရောက်လာကြသည်။ စောနက တာဝန်ကျကင်းသမားက သွားခေါ်ခဲ့ခြင်းဖြစ်သည်။

"သားရယ် ဓားပြဆို..
အမေတို့ဖြင့် မထိတ်သာမလန့်သာ
ရှိလိုက်တာကွယ်"

"အုပ်စုကတော့ တော်တော်ကြီးပုံပဲ
မားရေ ဖုန်လုံးကြီးကနည်းတာမဟုတ်ဘူး။ ကြည့်ရတာမြင်းတွေနဲ့
လာကြတယ်ထင်တယ်"

ရိပေါ်ကအဝေးကိုလှမ်းမျှော်ကြည့်ရင်း
တွေးတွေးဆဆပြောသည်။
ဝမ်သူကြီးကတော့ ဘာကိုသဘောကျမှန်းမသိ၊ ခေါင်းတငြိမ့်ငြိမ့်နှင့် ပြုံးနေသည်။

EnchantedWhere stories live. Discover now