"အိပ်တော့မှာလား Rosie""Immmm...ငါက....နင်နဲ့အတူတူ လမ်းခနလောက် လျှောက်ချင်တာ... လျှောက်နိုင်သေးလား....
ငါဒီနေ့ နင့်ကို မပြောမဖြစ် ပြောရမယ့် စကားရှိလို့..."ချယ်ယောင်း ဖြစ်ချင်တာကို လုပ်ပေးဖို့က လီဆာ့အတွက် ပထမ...
အင်း.. ပြောလာမယ့် စကားကိုတော့ နားထောင်ဖို့ မဝံ့မရဲ...
ထွက်ပြေးရအောင်လည်း နာကျင်ရမှာထက် ချယ်ယောင်းနဲ့ ဝေးရမှာကို လီဆာက ပိုကြောက်တာ....
ထွက်ပြေးနေလည်း မထူးတာမို့ ချယ်ယောင်းရဲ့ သူ့အချစ်ရေးအတွက် ဝန်ခံစကားကို ဒီညတော့ နားထောင်ပေးဖို့ပဲ လီဆာ ဆုံးဖြတ်လိုက်တယ်...
"အင်း....တအားအဝေးကြီးတော့ မလျှောက်ကြနဲ့စို့လေ....
ဟိုးနားက ခုံလေးမှာ ထိုင်ရအောင်"ညအချိန်က တဖြည်းဖြည်းနက်လာပြီမို့ ပိုးကောင်လေးတွေရဲ့အသံတစီစီနဲ့ လေတိုးသံ သဲ့သဲ့ကိုသာ ကြားနေရသည်။
ညဉ့်နက်လာတာရော ပြေးထားတာရောကြောင့် လီဆာက ဝေးဝေးကို ထပ်မလျှောက်ချင်တော့...
~~~~~~
(Note; ဒီအပိုဒ်လေးဖတ်ရင် သီချင်းနားထောင်ရင်း စာဖတ်တတ်တဲ့ မိတ်ဆွေတို့ကို ဆောင်းဦးလှိုင်ရဲ့ "အဖြူရောင်သီချင်း" ဆိုတဲ့ သီချင်းလေးကို repeat နဲ့ နားထောင်ရင်း ဖတ်ဖို့ အကြံပြုချင်ပါတယ်....
ကြည်နူးမှုကို ထူးထူးခြားခြား ပိုခံစားရမယ်လို့ ထင်ပါတယ်....
ဒီအပိုဒ်လေးပဲနော်... <3 )
"လီလီ....လူတွေကလေ ကိုယ်လုပ်ခဲ့ဖူးထက်အရာတွေထက် ကိုယ်မလုပ်ခဲ့ရတဲ့အရာတွေအတွက်ကို ပိုနောင်တရတတ်ကြတယ်တဲ့...."
ထိုင်နေရင်း လီဆာတို့ ၂ယောက်လုံးဟာ ဘာစကားမှမပြောဖြစ်ပဲ ၅မိနစ်လောက် တိတ်နေရာမှ ချယ်ယောင်းက စ ပြောလာသောစကား။
လီဆာ ချယ်ယောင်းစကားကို ငြိမ်ပြီးသာ ဆက်နားထောင်နေလိုက်သည်။
"အခု ငါက ငါ့ကိုငါအတွက်ရော ငါ့အတွက် အရေးကြီးဆုံး တစ်စုံတစ်ယောက် အတွက်ကိုပါ အဲ့လိုနောင်တမျိုးမရအောင် လုပ်ပေးတော့မလို့....."
YOU ARE READING
How Could We ever Just Be Friends?
Fanfiction"နင်ပေးတဲ့ အတောင်ပံတွေကို တပ်ပြီး နင့်ဆီ ငါက အရင်ဆုံးပျံသန်းခဲ့တော့မှာမို့ နင်က ဒီတိုင်းလေးပဲ ရပ်ပြီး ငါ့ကို စောင့်ပေးနေရင်ရပြီ... ငါ...ငါ့ရဲ့ အလှဆုံးမိန်းကလေးအတွက် ကမ္ဘာပေါ်က အလှဆုံးအရာတွေဆီ ငါ ခေါ်သွားပေးတော့မှာ....."