ကျွီ!!!!!!!!
အရှိန်ပြင်းစွာမောင်းလာသောကားက အိမ်ရှေ့ပေါက်ဝမှာ အလောတကြီးထိုးရပ်လိုက်ပြီး ကားပေါ်မှ အိန္ဒြေမဆည်နိုင်အောင် ပြာယာခတ်စွာ ဆင်းလာသော စံအိမ်ကြီးရဲ့ သခင်မ ကင်မ်ဂျီဆူး....
"ယောင်း....ယောင်းရဲ့ အခြေအနေ!!!!!"
"အခုတော့ သွေးသွင်းနေပါတယ် မမလေး...သတိတော့ ကောင်းကောင်းမလည်လာသေးပါဘူး...."
ဂျီဆူးက တစ်ခါတစ်ရံ အလုပ်ကိစ္စနဲ့ အိမ်ကို ၂ရက်၃ရက်လောက်ပြန်မရောက်ဖြစ်တဲ့ရက်တွေရှိသည်။
အခုလည်း သတင်းကြားကြားချင် ရှိသမျှအလုပ်တွေ အကုန်ပစ်ချပြီး ပြန်လာရတာ...
ယောင်းရယ်....ဘယ်လိုဖြစ်လို့...ဘယ်လိုဖြစ်လို့....
ဟိုရက်က စကားအကြီးအကျယ်များကြတာ ယောင်းနဲ့ နောက်ဆုံး တွေ့ခဲ့ရတာပဲ...
နောက်နေ့ကို အလုပ်ကိစ္စနဲ့ ခရီးထွက်သွားရတာမို့ ယောင်း ဘယ်လိုကျန်ခဲ့လဲ သူမသိခဲ့လိုက်တာ...
"ဘယ်လိုဖြစ်လို့ ဘယ်သူမှ မသိရတာလဲ!!
ညက အစောင့်တာဝန်ကျတာ ဘယ်သူလဲ!!
အခုချက်ချင်း အားလုံးကို စုစမ်း မင်းတို့အားလုံးကို တစ်ယောက်မှ အရှင်မထားဘူး!!!!"ခွမ်း!!!ခွမ်း!!!!ခွမ်း!!!!!
ဂျီဆူးရဲ့ဆောက်တည်ရာမရဖြစ်နေတဲ့ စိတ်တွေကို တွေ့သမျှပစ္စည်းတွေ အကုန်ရိုက်ခွဲကာ ထွက်ပေါက်ပေးကြည့်သော်လည်း မရပါ....
အိမ်မှာ ရှိသမျှအလုပ်သမားအားလုံး အသက်တောင် ပြင်းပြင်းမရှူရဲကြတော့....
သောင်းကျန်းနေပေမယ့် သူတို့ မမလေးက အခု ဒေါသူပုန်ထနေတာမဟုတ်...
ကြောက်လန့်တကြားဖြစ်နေတာ...
သွေးမရှိတော့သလို မျက်နှာနဲ့...
မျက်လုံးတွေက ကြောင်အမ်းနေပြီး အသားတွေတဆတ်ဆတ်တုန်ကာ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်ကျနေတာ....မမလေးဂျီဆူးရဲ့ ဒီလိုပုံစံကို အခုမှ မြင်ဖူးတာပဲ....
"ဆူး...ငါ့ညီမ...စိတ်ထိန်းမှပေါ့...ဒီလိုသောင်းကျန်းနေလို့ရော ဘာထူးမှာလဲ...ချယ်ယောင်းကိုပဲ အရင်သွားကြည့်ရအောင်...."
YOU ARE READING
How Could We ever Just Be Friends?
Fanfiction"နင်ပေးတဲ့ အတောင်ပံတွေကို တပ်ပြီး နင့်ဆီ ငါက အရင်ဆုံးပျံသန်းခဲ့တော့မှာမို့ နင်က ဒီတိုင်းလေးပဲ ရပ်ပြီး ငါ့ကို စောင့်ပေးနေရင်ရပြီ... ငါ...ငါ့ရဲ့ အလှဆုံးမိန်းကလေးအတွက် ကမ္ဘာပေါ်က အလှဆုံးအရာတွေဆီ ငါ ခေါ်သွားပေးတော့မှာ....."