Ep:17(M)

946 72 10
                                    


(*warning* MATURE CONTENTS ⚠️)

ဟုတ်ပါတယ်....ထိုကားအမည်းက လီဆာနဲ့ချယ်ယောင်းရဲ့ အိမ်လမ်းကြားလေးထဲ ချိုးဝင်သွားတာ....

"ရပြီ ဦးလေး...ဒီမှာပဲ ဆင်းမယ်..."

လီဆာ taxiကို အိမ်ရှေ့ထိ မသွားခိုင်းတော့ပဲ လမ်းထိပ်မှာတင်ရပ်ခိုင်းလိုက်ကာ လမ်းကြားထဲသို့ လမ်းလျှောက် ဝင်သွားလိုက်သည်။

လီဆာတို့ အိမ်ရှေ့တွင် ရပ်လိုက်သော ထိုကားအမည်းပေါ်မှ ချယ်ယောင်းဟာ သုတ်သုတ်ပြာပြာဆင်းလာတာကို သစ်ပင်အကွယ်တစ်ခုမှပဲ လီဆာ ရပ်ကြည့်နေလိုက်သည်။

ထိုကားအမည်းပေါ်မှ မည်သူမှ ထပ်ဆင်းမလာပဲ ကားက ချယ်ယောင်း ဆင်းပြီးတာနဲ့ မောင်းထွက်သွားသည်။

ချယ်ယောင်း အိမ်ထဲသို့ ရောက်ပြီး အနည်းငယ်ကြာမယ့် အချိန်လောက်မှ လီဆာ ကွယ်ရပ်နေတဲ့နေရာကနေ စ ထွက်လာလိုက်တော့တယ်...

စိတ်တွေက လေးနေလို့ပဲလား
Alcoholအရှိန်ကြောင့်ပဲလား ခြေလှမ်းတွေက လေးလံလျက်...

ရင်တွေလည်း ပူလိုက်တာ....

လီဆာ အိမ်ထဲ တံခါးဖွင့်ဝင်လိုက်တော့ ချယ်ယောင်းက ဆိုဖာပေါ်မှာ ထိုင်နေသည်။


"လီလီ...ပြန်ရောက်ပြီလား..."


ချယ်ယောင်းက လီဆာ ဝင်လာတော့ ထ လာကာ ကြိုသည်။


လီဆာ့ အပေါ်ထည်ကို ချွတ်ပေးဖို့ လက်လှမ်းလာသည်။

သို့သော် လီဆာ ရှောင်လိုက်တော့ ချယ်ယောင်းမျက်နှာက အနည်းငယ် အံ့ဩသွားဟန်...


"ကိုယ် ခေါင်းမူးနေလို့ အိပ်တော့မယ်"

လီဆာ အိပ်ခန်းထဲကိုသာ တန်းဝင်ခဲ့ပြီး အိပ်ရာပေါ် ခြေပစ်လက်ပစ် ပက်လက်လှဲချပစ်သည်။


"အင်္ကျီလဲဦးလေ လီလီရဲ့....မျက်နှာလည်း မသစ်ဘူး"

ချယ်ယောင်းပြောနေတာတွေကိုလည်း လီဆာ မကြားချင်ယောင်ဆောင်ပြီး မျက်လုံးကိုသာ မှိတ်ထားလိုက်သည်။

နားထင်တွေက တဒိန်းဒိန်းထိုးပြီး ခေါင်းတွေလည်း ကိုက်နေပြီ...

How Could We ever Just Be Friends?Where stories live. Discover now