အကို ( Intro )

3.4K 107 2
                                    

Unicode
~~~~~~~~

ကြီးမားလှသောမင်္ဂလာခမ်းမကြီးနှင့်ပြင်ဆင်ထားသောအလှပန်းလေးမျာသည် ဒီခမ်းမကြီးရဲ့အလှတရားကိုဖော်ပြနေသည် အဖြူရောင်နှင်းဆီပန်းတို့ကစားပွဲတိုင်းမှာရှိနေပြီး ပန်းလေးများကအတုမဟုတ်ပဲအစစ်ဖြစ်သည် နှင်ဆီးပန်းအစစ်ဖြစ်တာကြောင့် နှင်ဆီးဖြူလေးရဲ့ပန်းရနံသင်းသင်းလေက နေရာအနှံပြန့်လွှင့်လို့နေသည်...

ခမ်းမထဲကိုအဆက်မပျက်ရောက်ချလာသောဧည့်သည်များမှာလည်း အပြင်အဆင်တွေနဲ့လှပလို့နေသည် တစ်ချို့သောဧည့်သည်တွေမှာဆို ခမ်းမထဲကဧည့်သည်တစ်ယောက်ချင်းစီကိုကြည့်လိုက်ရင် တစ်ယောက်ချင်းစီကနယ်နယ်ရရအသိုင်းအဝိုင်းကမဟုတ်ပဲ နာမည်ကျော်အသိုင်းဝိုင်းက ဧည့်သည်များဖြစ်သည်..

ဘာလို့လဲဆိုတော့ ဒီမင်္ဂလာဆောင်က တရုတ်နိုင်ငံမှာ အချမ်းသာဆုံးမိသားစုနှစ်စုရဲ့မျိုးဆက်တွေလက်ထပ်ပွဲဖြစ်သည် ဧည့်သည်များနေရာတစ်ကျဝင်ထိုင်ပြီးတာနဲ့ စင်မြင့်ပေါ်သို့ MC လုပ်မည်သူက တက်ရောက်လာကာ ခမ်းမထပ်ကို တိတ်ဆိတ်သွားအောင် အသံပြုလိုက်သည်..

" Hello..ကြွရောက်လာကြတယ်လူကြီးမင်းအပေါင်းတို့ခင်ဗျာ ဒီနေ့မင်္ဂလာပွဲကိုတက်ရောက်လာခဲ့ပေးတဲ့အတွက် အထူပဲကျေးဇူးတင်ရှိပါတယ် ဒီနေ့ ကျွန်တော် Li Bowen က ဒီခမ်းမကြီးရဲ့ MC အဖြစ်တာဝန်ယူထားတာဖြစ်ပါတယ်.."

ခမ်းမကြီး၌လက်ခုတ်သံများကအသံကျယ်ကျယ်ထွက်ပေါ်လာသည်...

" ဟုတ်ကဲ့ အခုဆက်လက်တင်ဆက်ပေးမှာကတော့ သတိုးသားနဲ့သတိုးသမီးရဲ့ မင်္ဂလာWedding ဓာတ်ပုံလေးများဖြစ်ပါတယ်.."

MC စကားဆုံးတာနဲ့ အဖြူရောင်လိပ်ကာထက်ကို အလင်းရောင်တစ်ခုကကျရောက်လာပြီး သတိုးသားနဲ့သတိုးသမီးရဲ့ပုံတို့က တစ်ခုချင်းစီထွက်ပေါ်လာသည်...

သတိုးသားကပုံမှန်ဆိုပေမဲ့ သတိုးသမီးက လူတိုင်းတွေ့ဖူးသလို အမျိုးသမီးတစ်ယောက်မဟုတ်ပဲ ယောကျာ်းလေးတစ်ယောက်တာဖြစ်နေသည် ခမ်းမထဲရှိဘယ်သူမှ မအံသြတော့ပေ ဖိတ္စာရထဲက အကုန်လုံးသိနှင့်ပြီးတာဖြစ်တာကြောင့် မအံသြတော့ပေ..

အကိုWhere stories live. Discover now