အပိုင္း ( 21 ) Final

1.9K 91 5
                                    

Unicode
~~~~~~~

10 နှစ်ကြာပြီးနောက်...

ကြီးမားသော အဆောက်အဦးကြီးထဲတွင် သွားလာနေသော လူများနှင့် ထိုလူများကြားမှ ပေါ်လွင့်နေသောလူလတ်ပိုင်းတစ်ယောက် ထိုလူမွာ သန့်ပြန့်ကာ ခန့်ညားနေပြီး တည်ကြည်နေသော ရုပ်ဖြင့် မိမိ၏ ဦးတည်ရာအာ လျှောက်သွားနေလေသည် ဓာတ်လှေကား ကနေတစ်ဆင့် CEO အခန်းကို သြားကာ တံခါးနှစ်ချက်လောက်ခေါက်ပြီး အထဲကိုဝင်သွားတော့ အလုပ်ပုံကြားမှ ခေါင်းထောင်လာသော CEO ဖြစ်သူကို မြင်တာနဲ့ ပြုံးလိုက်ပြီး နှုတ်ဆက်လိုက်လေသည်...

" ဘယ်လိုနေလဲ XiaoZhan..."

" Haikuan လား.."

" အင်း..."

" ဘာကိစ္စရှိလို့လဲ..."

" မင်း ဘယ်အချိန်ဆွမ်းသွားလှူမလဲ လာမေးတာ.."

Haikuan ဆိုဖာပေါ်မှာ ထိုင်ရင် အလုပ်ပုံကြားက XiaoZhan ကို မေးလိုက်သည်...

" XiaoYi ကျောင်းဆင်းတဲ့အချိန်ကြရင် သွားမယ် ငါသမီးလေးလည်း လိုက်ချင်းတယ်တဲ့.."

XiaoZhan ပြန်ဖြေလာလေသည် ပြီးနောက် အလုပ်ပုံကြားမှ ထ ကာ Haikuan ရှိတဲ့ ဆိုဖာအနားလာပြီး Haikuan အရှေ့ဝင်ထိုင်လိုက်လေသည် 10 နှစ်အတွင်း နှစ်ယောက်လုံး ပြောင်းလဲသွားကြသည် လူကြီးလူကောင်းပိုဆန်းလာပြီး အာဏာအရှိန်အဝါတွေ တောက်လို့နေသည်..

" အဲ့ဒါဆိုရင် ဘယ်အချိန်လဲ ငါကိုပြောဦး.."

" မင်းလိုက်သွားမလို့လား.."

" သွားမှာပေါ့ ငါနှစ်တိုင်းသွားနေကြပဲ ဒီနှစ်တော့ တစ်ယောက်ပိုလာမယ်.."

" ဘယ္သူလဲ.."

Haikuan စကားကြောင့် XiaoZhan မေးလိုက်သည် ပုံမှန်ဆိုရင် ဆွမ်းသွားလှူတိုင်း Haikuan တစ်ယောက်ထဲတာ လိုက်လာတတ်သည် အခုက နောက်တစ်ယောက်ဆိုတော့ ဘယ်သူများလဲသိချင်းမိသည်..

" ဘယ်သူရှိရမှာလဲ Wang ZhuoCheng လေး.."

" အော်..."

ထိုနာမည်ကြားမှ XiaoZhan အော်ရီလိုက်မိသည် မိမိ သူငယ်ချင်း ရဲ့ အဖြစ်အပျက်တွေကို ပြန်တွေးမိပြီး အော်ရီမိခြင်းဖြစ်သည်..

You've reached the end of published parts.

⏰ Last updated: Apr 29, 2023 ⏰

Add this story to your Library to get notified about new parts!

အကိုWhere stories live. Discover now