အကို ( 9 )

1K 69 1
                                    

Unicode
~~~~~~~

မနက်နေရောင်ခြည်ရဲ့အလင်းတန်းကြောင့် ခုတင်ပေါ်မှာ အိပ်ပျော်နေသော Yibo လေးမှာ နိုးထလာပြီး ခန္ဓာကိုယ်အောက်ပိုင်းကနာကျင်မှုကြောင့် ထထိုင်ဖို့ ခက်ခဲလွန်သည် ဒါပေမဲ့လည်း အားတင်ကာ ထထိုင်လိုက်သည်..

" နိုးပြီးလား.. "

" အကို.."

Yibo ခုတင်ခြေရင်းက ဆိုဖာပေါ်မှာထိုင်ရင် Laptop သုံးနေရာမှ ခေါင်းမော့ကာ သူကိုမေးလာသော XiaoZhan ကြောင့် ခေါင်းညှိပ်ပြလိုက်သည်..

" မင်း ဘယ်လိုနေသေးလဲ..ခေါင်းကိုက်နေသေးလား.. "

" နည်းနည်းပါ.."

" အင်း ထပြီး ဆန်ပြုတ်စား ဆေးသောက်ပြီး အနားပြန်ယူနေလိုက် .."

XiaoZhan Yibo ကို ကြည့်ကာ ပြောလိုက်လေသည် ပြီးနောက် Laptop ကို ခ်ကာ ခုတင်ဘေးက စာပွဲပေါ်မှာရှိနေတဲ့ ဆန်ပြုတ်လေးကို ယူကာ Yibo အရှေ့ပို့ပေးလိုက်သည် ပန်ကန်းကတော့ XiaoZhan ကိုင်ထားတုန်းပင်..

" ကျွန်တော် ဒီနေ့ Doobe ကို ဆေးခန်းကနေ သွားခေါ်ရမယ် "

" မင်းစိတ်မပူနဲ့ အိမ်ကကားမောင်းတဲ့ဦးလေးကြီးကို သွားခေါ်ခိုင်းလိုက်ပြီး.."

" အာ..ဟုတ်.."

Yibo ပြောပြီး XiaoZhan လက်ထဲက ဆန်ပြုတ်ပန်ကန်းလေးကိုယူကာ ဖြေးဖြေးချင်းစီစားနေလိုက်သည် Yibo အခုမှသတိထားမိတယ် Yibo ကိုယ်ပေါ်က အကျႌလေးက Yibo အကျႌမဟုတ်ပေ ကြည့်ရတာ XiaoZhan အကျႌပဲဖြစ်မယ် ညကကိစ္စပြီးတော့ XiaoZhan Yibo ကိုပါ ကိုယ်လက်သန့်ရှင်းပေးထားတာ ဖြစ်မည် ဘာလို့လဲဆိုတော့ Yibo ကိုယ္က ချွေးတွေနဲ့ကပ်စေးမနေပဲ လန်းဆန်းနေလို့ပင်ဖြစ်သည်..

ဆန်ပြုတ်စားပြီး ဆေးသောက်ကာ ထသွားဖို့လုပ်နေသော Yibo ကြောင့် XiaoZhan အမြန်တားလိုက်လေသည်..

" မင်းဘယ်သွားမလို့လဲ.."

" ကျွန်တော်အခန်းမှာ အနားသွားယူမလို့ပါ.. "

" မလိုဘူး ငါအခန်းမှာပဲအနားယူနေ ငါမင်းကို ဘာမွမလုပ္ဘူး.. "

" ကျွန်တော်.."

" ထက်မပြောနဲ့တော့ ဒီမွာပဲ နေဆို နေ ငါစကားကိုနှစ်ခွန်းထက်ပိုမပြောချင်းဘူး.. "

အကိုOnde as histórias ganham vida. Descobre agora